Homeသတင်းဧပြီတစ်လအတွင်း ကလေးအပါ သတ်ဖြတ်ခံရ ၁၂၀ ကျော်ရှိဟု AAPP ထုတ်ပြန်

ဧပြီတစ်လအတွင်း ကလေးအပါ သတ်ဖြတ်ခံရ ၁၂၀ ကျော်ရှိဟု AAPP ထုတ်ပြန်

-

၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်းတွင် စစ်ကောင်စီကြောင့် အသက် ၁၈ နှစ်အောက် ကလေး ၁၆ ဦးအပါအဝင် သတ်ဖြတ်ခံရသူ ၁၂၁ ဦးရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားချက်အရ သိရသည်။

သတ်ဖြတ်ခံရသူ ၁၂၁ ဦးတွင် အမျိုးသမီး ၃၃ ဦးနှင့် အမျိုးသား ၈၈ ဦးပါဝင်ပြီး အသက် ၁၈ နှစ်အောက် သတ်ဖြတ် ခံရသူ ၁၆ ဦးနှင့် အသက် ၆၀ နှစ်အထက် သတ်ဖြတ်ခံရသူ အရေအတွက် ၁၅ ဦး ရှိခဲ့သည်ဟု ဆိုသည်။

သတ်ဖြတ်ခံရသူ ၁၂၁ ဦးအနက် စစ်ကိုင်းတိုင်းတွင် ၃၈ ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်သည်ဟုလည်း AAPP က ထုတ်ပြန်ထားသည်။

၎င်းပြင် သေဆုံးသူများထဲတွင် ၄၂ ဦးသည် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများဖြစ်ပြီး သေဆုံးမှုထဲတွင် အများဆုံးဖြစ်သည်ဟု AAPP က ဆိုထားသည်။

ဧပြီလအတွင်း အသက် ၆ နှစ်အရွယ် ကလေးငယ် ၂ ဦးအပါအဝင် နိုင်ငံတဝန်း အမျိုးသမီး ၁၄ ဦးနှင့် အမျိုးသား ၂၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဖမ်းဆီးခံရသူ ၃၈ ဦးအနက် ပဲခူးတိုင်းနှင့် မွန်ပြည်နယ်တွင် ၇ ဦးစီဖြင့် အများဆုံး ဖမ်းဆီးခံခဲ့ရသည်။

စစ်ကောင်စီ အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ စစ်ကောင်စီနှင့် ၎င်း၏လက်ပါးစေများကြောင့် ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်း ၄၉၅၇ ဦး သေဆုံးခဲ့ရသည်ဟု AAPP ၏ အချက်အလက်များအရ သိရသည်။

AAPP အနေဖြင့် အတည်ပြုရန် လိုအပ်နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ ၁၇၅၀ ဝန်းကျင်စာရင်းကိုလည်း သီးခြားပြုစုထားသည်ဟု ဆိုသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် AAPP မှ လက်လှမ်းမီသလောက် ကောက်ယူရရှိထားသည့် အရေအတွက်များသာဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များသည် ယခုထက် ပိုမိုများပြားနိုင်သည်ဟု ဆိုသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts