မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / သံလွင်‌မြစ်‌‌ရေ ရောင်းစားရန်မဟုတ် ဆုတောင်း ဆန္ဒထုတ်‌‌ဖော်

သံလွင်‌မြစ်‌‌ရေ ရောင်းစားရန်မဟုတ် ဆုတောင်း ဆန္ဒထုတ်‌‌ဖော်

ရေးသားသူ:
တိုင်းရင်းသားများ ဆန္ဒထုတ်ဖော်ဆုတောင်းပွဲ(Facebook)
တိုင်းရင်းသားများ ဆန္ဒထုတ်ဖော်ဆုတောင်းပွဲ(Facebook)
အေမီအောင် – သံလွင်မြစ်ရေသည် ရောင်းစားရန်မဟုတ်ပါ၊ သံလွင်မြစ်သည် ကျနော်တို့၏ အသက်သွေးကြောဖြစ်သည် စသောဆိုင်းဘုတ်များ ကိုင်ဆောင်ကာ သံလွင်မြစ်သဲသောင်ပြင်ပေါ်၌ မတ်လ ၁၄ ရက်က ဆန္ဒထုတ်‌‌ဖော် ဆုတောင်းပွဲများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့-မုတ္တမ-ဘီလူးကျွန်းကြားရှိ သံလွင်မြစ်သဲသောင်ပြင်ပေါ်တွင် မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင် မြစ်ချောင်းထိန်းသိမ်းရေးကွန်ယက်မှ တိုင်းရင်းသားများ ဆန္ဒထုတ်ဖော်ဆုတောင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ကရင်သဘာဝပတ်ဝန်းကျင် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုကွန်ယက်မှ စောအဲလက် က “ကျနော်တို့ ယုံကြည်ကိုးကွယ်တဲ့ ဘာသာနဲ့ဆုတောင်းပွဲလုပ်ခဲ့တယ်။ တည်ဆောက်လိုက်တဲ့ရေကာတာကြောင့် ရေမြှပ်သွားမှာဖြစ်လို့ အိုးမဲ့အိမ်မဲ့ဖြစ်သွားမယ့်လူတွေအတွက် ဘယ်သူတာဝန်ယူပေးမလဲ ဆိုတာကို ဟောပြောပွဲတာတွေလုပ်တယ်” ပြောသည်။

ရေကာတာတည်ဆောက်ပါက သံလွင်မြစ်ကြောင်း တစ်လျှောက်ရှိ ဒေသခံပြည်သူများ အမြင့်ဆုံး ဒုက္ခကြုံလာနိုင်သည့်အတွက် ရေကာတာ ၄င်းစီမံကိန်းများရပ်တန့်သွားစေရန် ရည်ရွယ်ပြီး ဆန္ဒထုတ်ဖော်ခဲ့သည်ဟု သိရသည်။

မွန်လူငယ်ပညာပေးအဖွဲ့ နိုင်လတအောင် က “ ဒီသံလွင်မြစ်ဟာ ကျနော်တို့ မွန်လူထုရဲ့ အသက်သွေးကြောဖြစ်တယ်”ဟု ပြောသည်။

ထို့အပြင် အစိုးရ၊ စီးပွားရေး ကုမ္ပဏီ လုပ်ငန်းရှင်များ အနေဖြင့်
မြန်မာပြည်သူလူထု အသက်ပေါင်းများစွာ ဒုက္ခရောက်စေမည့် ရေကာတာဆောက်လုပ်ခြင်း လုပ်ငန်းအားလုံးကို ရပ်တန့်ပေးပါဟု တောင်းဆိုခဲ့သည်။

ရခိုင်ပြည်နယ် မဇ္ဈိမကွန်ယက် တာဝန်ခံ ကိုတင်ဦးက “သဘာဝအတိုင်း စီးဆင်းနေတဲ့ မြစ်ချောင်းများကို သဘာဝတိုင်း စီးဆင်းခွင့်ပေးပါ” ဟုတောင်းဆိုခဲ့သည်။

ထိုဆန္ဒထုတ်ဖော်ဆုတောင်းပွဲသို့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊
ရှမ်း၊ တအောင်း စသော တိုင်းရင်းသားလူငယ်များက ကမ္ဘာ့ရေကာတာဆန့်ကျင်ရေးနေ့တွင် စုစုပေါင်း လူအင်အား ၂၀ဝ ခန့် ဆန္ဒထုတ်ဖေါ် ဆုတောင်းပွဲပြုလုပ်ကြခြင်း ဖြစ်သည်။

ထို့အတူ သံလွင်မြစ်ပေါ်တည်ဆောက်ထားသော ရေကာတာ စီမံကိန်း ၆ ခု ရပ်ဆိုင်းပေးရန် ဒေသခံတိုင်းရင်းသား ပြည်သူလူထု ၃ သောင်းကျော်၊ နိုင်ငံရေးပါတီများ နှင့် လူမှုအဖွဲ့အစည်း ၁၃၁ ဖွဲ့တို့က လက်မှတ်ရေးထိုး တောင်းဆိုခဲ့သည်။

သံလွင်မြစ်ကြောင်းပေါ်၌ ကရင်ပြည် နယ်ဟတ်ကြီး၊ ဒါးကွင်း၊ ကရင်နီ ပြည် နယ်ရွာသစ်၊ ရှမ်းပြည် နယ် ကွမ်းလုံ၊ နောင် ဖါနှင့်တာဆန်း ရေကာတာရေအားလျပ်စစ်စီမံကိန်းများအတွက် တရုပ်နှင့်ထိုင်းနိုင်ငံတို့အား မြန်မာအစိုးရ သဘောတူထားကြပြီး အကောင်အထည်ဖေါ်နေခြင်းဖြစ်သည်။

About မွန်သတင်းအေဂျင်စီ

Check Also

ပါတီသစ်ဖွဲ့သင့်မသင့် မွန်တို့၏သဘောထားများကို ဆက်လက်ကောက်ခံမည်

မွန်အမျိုးသားကိုယ်စားပြုပါတီသစ်တစ်ခု ထပ်မံဖွဲ့စည်းတည်ထောင်ရန် သင့်/မသင့်ကိစ္စကို မွန်ပြည်သူများ၏ သဘောထားမှတ်ချက်များကို လာမည့်ဒီဇင်ဘာလကုန်အထိ ဆက်လက်ကောက်ခံသွားမည်ဖြစ်ကြောင်း မွန်ပါတီသစ်တည်ထောင်ရေးလှုပ်ရှားနေသူ ဒေါက်တာအောင်နိုင်ဦးက ဇူလိုင် ၂၂ ရက်နေ့တွင် ပြောကြားလိုက်သည်။ Related

Leave a Reply

%d bloggers like this: