မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ဗဟို) ဦးဆောင်သူများအပြောင်းအလဲမရှိ

မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ဗဟို) ဦးဆောင်သူများအပြောင်းအလဲမရှိ

ရေးသားသူ:

မိလယီထော – မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ဗဟို)မှ ကိုယ်စားလှယ်အသစ် ရွေးချယ်ပွဲတစ်ရပ်ကို ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့ မွန်ဓမ္မာရုံ၌ ကျင်းပခဲ့ရာ ပါဝင်ဦးဆောင်သူများ နေရာအပြောင်းအလဲ မရှိကြောင်း သိရသည်။

မွန်ကျောင်းသားကျောင်းသူများ စာပေသင်ကြားနေစဉ်
မွန်ကျောင်းသားကျောင်းသူများ စာပေသင်ကြားနေစဉ်
မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ဗဟို) ဥက္ကဌ ဒေါက်တာမင်းကြည်ဝင်းက “အဖွဲ့ဝင်တွေက ဒီနှစ်မှာ ကိုယ်စားလှယ်တွေနေရာအပြောင်းအလဲလုပ်ရအောင်တောင်းဆိုခဲ့ပေမယ့် ရွေးချယ်တဲ့အခါမှာ တခြား လူတွေမရှိတော့ အရင်လူဟောင်းတွေပဲ ပြန်အရွေးခံရတယ်” ဟု ပြောသည်။

ရွေးချယ်ခံရပုဂ္ဂိုလ်များတွင် နာယကမွန်သံဃာတော် ၁၆ ပါး၊ လူပုဂ္ဂိုလ်ပညာရှင် ၁၅ ဦး၊ အလုပ်အမှု ဆောင်အဖွဲ့ ၂၆ ဦးတွင် ဥက္ကဌ ဒေါက်တာမင်းကြည်ဝင်း၊ ဒုဥက္ကဌ(၁) ဒေါက်တာမင်းစိုးလင်း၊ ဒုဥက္ကဌ(၂) နိုင်ခိုစိုက်၊ အထွေထွေအတွင်းရေးမှူး နိုင်ရာဇာ(ခေါ်) မင်းစိုးဝင်းတို့ ပါဝင်ကြသည်။

ကိုယ်စားလှယ်များအဖြစ် ပဲခူး၊ ကျိုက်ထို၊ သထုံ၊ ပေါင်၊ ချောင်းနှစ်ခွ၊ မော်လမြိုင်၊ ဘာအံ၊ ကြာအင်း ဆိပ်ကြီး၊ မုဒုံ၊ သံဖြူဇရပ်နှင့်ရေးမြို့နယ်မှ စာပေယဉ်ကျေးမှု၊ ဇာတ်သဘင်၊ ဂီတ၊ မွန်သတင်းဌာန၊ မွန်လူငယ်အဖွဲ့အစည်း၊ သံဃာတော် ၁၉ ပါးနှင့် အားလုံးတက်ရောက်သူ စုစုပေါင်း ၉၆ ဦးခန့်ရှိသည်ဟု သိရသည်။

ဒေါက်တာမင်းကြည်ဝင်းက “မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ဗဟို) ကတော့ မွန်အမျိုးသား နေ့ကျင်းပရေး၊ မွန်စာပေသင်ကြားရေး၊ ယဉ်ကျေးမှုဖေါ်ထုတ်ရေး၊ တက္ကသိုလ်ရောက် မွန်ကျောင်း သားတွေအတွက်ပညာရေးရံပုံငွေထောက်ပံ့ရေး၊ ဂီတ၊ သဘင်ပညာရှင်တွေမွေးထုတ်နိုင်ရေး၊ မြို့နယ်ကျေးရွာအလိုက် လူငယ်အဖွဲ့တွေ ဖွဲ့စည်းနိုင်ရေး စတဲ့ မွန်အမျိုးသားရေးလုပ်ငန်းတွေမှာ ကဏ္ဍအဖက်ဖက်ကတိုးတက်အောင် အမျိုးသားရေးတာဝန်အနေနဲ့ လုပ်ငန်းဖေါ်ဆောင်သွားဖို့ပါ” ဟု ပြောသည်။

လက်ရှိတွင် မွန်အမျိုးသားကျောင်း ၃၁ ကျောင်း၊ အစိုးရကျောင်း၌ပူးတွဲသင်ကြားသည့်စာသင်ကျောင်း ၈၃ ကျောင်း စုစုပေါင်း စာသင်ကျောင်း ၁၁၄ ကျောင်းရှိ ဆရာ၊ ဆရာမ ၂၆၃ ဦးခန့်နှင့် ကျောင်းသူ ကျောင်းသားတို့၏ ပညာရေးဝန်ဆောင်မှုများကို မွန်စာပေနှင့်ယဉ်ကျေးမှု ကော်မတီ(ဗဟို)က တာဝန် ယူလျှက်ရှိသည်။

၂၀၁၂ ခုနှစ် ဧပြီလတွင် မွန်ပြည်သစ်ပါတီ၊ မွန်အမျိုးသား ပညာရေးကော်မတီက မွန်ပြည်နယ်ရှိ သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရောမြို့နယ်နှင့် ကရင်ပြည်နယ် ဘားအံ၊ ကော့ကရိတ်မြို့နယ်ရှိ မွန်စာသင်ကျောင်းများကို မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ဗဟို)သို့ လွှဲပြောင်းပေးခဲ့သည်။

ထို့အပြင် မြန်မာအစိုးရက ကျောင်းချိန်ပြင်ပတွင် တိုင်းရင်းသားစာပေကိုသင်ကြားခွင့်ပြုမည်ဟု တရားဝင်ပြောကြားခဲ့သော်လည်း မွန်ပြည်နယ်အတွင်းရှိ အချို့သောအစိုးရ စာသင်ကျောင်းများ၌ မွန်တိုင်းရင်းသားစာပေ သင်ကြားနိုင်မည့်အခြေအနေမတွေ့ရှိသေးပေ။

About မွန်သတင်းအေဂျင်စီ

Check Also

မွန်ကျောင်းဆရာများ ညီလာခံကျင်းပ

မွန်အမျိုးသားပညာရေးကော်မတီ MNEC-Mon National Education Committee မှ ဦးစီး၍ မွန်အမျိုးသားပညာရေး ကျောင်းဆရာများ ညီလာခံ Teacher Conference တရပ်ကို နိုဝင်ဘာလ ၁၉ …

Leave a Reply

%d bloggers like this: