အခြေခံပညာကျောင်းများ စာမေးပွဲဖြေဆိုရက်ရောက်ရှိလာသောကြောင့် ရန်ကုန်မြို့သို့ ချီတက်နေကြသည့် ကျောင်းသား သပိတ်စစ်ကြောင်းများ ပဲခူးတိုင်းဒေသကြီးတွင် ယာယီရပ်နားလိုက်ပြီဟု သက်ဆိုင်ရာကျောင်းသားခေါင်းဆောင်များမှ သိရသည်။
Read More »ကျောင်းသား သပိတ်စစ်ကြောင်းများ ၂ ရက် ဆက်တိုက် နားမည်
အမျိူးသားပညာရေး ဥပဒေအား ကန်ကွက်သည့်အနေဖြင့် လှုပ်ရှားနေသည့် ကျောင်းသား သပိတ်စစ်ကြောင်းများသည် ဖော်ဖော်ဝါရီလ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့ နှစ်ရက်ဆက်တိုက် သပိတ်စစ်ကြောင်းများ နားမည်ဖြစ်ကြောင်း သပိတ်ကျောင်းသားခေါင်းဆောင်များထံမှ သိရသည်။
Read More »၁၁ ချက်ကို လွှတ်တော်၌ အတည်ပြုပြီးမှသာ ကျောင်းသားများ သပိတ်လှန့်မည်ဟုဆို
အမျိူးသားပညာရေး ဥပဒေနှင့်ပတ်သတ်၍ ပြင်ဆင်ရန် ကျောင်းသားတို့ ဘက်မှ တောင်းဆိုထားသည့် အချက် ၁၁ ချက်အား အစိုးရမှ သဘောတူခဲ့သော်လည်း လွှတ်တော်၌ အတည်ပြုပြီးမှသာ ကျောင်းသား သပိတ်စစ်ကြောင်းများ လှန့်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ပြုလုပ်ခဲ့သော ၄ ပွင့်ဆိုင် ဆွေးနွေးပွဲ တက်ရောက်သော ကျောင်းသားခေါင်းဆောင်များထံမှ သိရသည်။
Read More »မွန်နှင့် ထားဝယ်သပိတ်စစ်ကြောင်း ဧရာဝတီစစ်ကြောင်းနှင့် ပူပေါင်းရန် မော်လမြိုင်မြို့မှထွက်ခွာ
မွန်ကျောင်းသားနှင့် ထားဝယ်ကျောင်းသား သပိတ်စစ်ကြောင်းတို့ ဧရာဝတီ ကျောင်းသား သပိတ်စစ်ကြောင်းနှင့် ပူပေါင်းရန် မော်လမြိုင်မြို့မှ ယမန်နေ့ညနေတွင် ကားများဖြင့် ထွက်ခွာလာကြပြီးဖြစ်ကြောင်း သိရသည်။
Read More »မွန်ပြည်နယ် ကျောင်းသားသပိတ်တွင် ဝန်းရံပေးသော သံဃာတော်များအားနည်း
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ယနေ့ ဖေဖော်ဝါရီ ၉ ရက်တွင် ပြုလုပ်နေသော ကျောင်းသားသပိတ်ကို ဝန်းရံပေးသော သံဃာတော်များ အားနည်းနေကြောင်း သပိတ်တွင် ပါဝင်သော သံဃာတော်အချို့ က မိန့်ကြားသည်။
Read More »မိမိကံကြမ္မာမိမိဖန်တီးနိုင်ရေး အမျိူးသားရည်မှန်းချက် အကောင်အထည်ဖေါ်ရေး မွန်အမျိုးသားနေ့ဗဟို သဘာပတိမြွက်ကြား
မွန်အမျိူးသားလူထုများ မိမိကံကြမ္မာ မိမိဖန်တီးနိုင်ရေးဆိုသော တစ်ခုတည်း သော အမျိူးသား ရည်မှန်းချက်အပေါ်တွင် အခြေခံကာ စုစည်းညီညွတ်စွာ တာဝန်သိစွာနှင့် အတူတကွ လက်တွဲသွားကြရန် လိုကြောင်း ဖေဖော်ဝါရီလ (၄) ရက်နေ့ မွန်ပြည်နယ်၊ ရေးမြို့တွင် ကျင်းပသော မွန်အမျိူးသားနေ့အခမ်းအနား (ဗဟို) တွင် သဘာပတိ နိုင်အောင်ဂျနက် ကပြောသည်။
Read More »တနသာင်္ရီတိုင်းဒေသကြီးရှိ မွန်တိုင်းရင်းသား ၃ သောင်းကျော် မှတ်ပုံတင်မရှိသေး
လွန်ခဲ့သည့်လပိုင်းများတွင် ကောက်ခံရရှိထားသောစာရင်းအရ တနသာင်္ရီတိုင်းဒေသကြီးအတွင်း မွန်တိုင်းရင်းသား ၆ သောင်း (၆၂၃၆၆ ) ကျော်ရှိသည့်အနက် ၃ သောင်း(၃၉၅၈၂ ဦး) ကျော်မှာ နိုင်ငံသားစိစစ်ရေးကဒ်ပြား(အမျိုးသားမှတ်ပုံတင်) မရှိသူများ ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဇောတိကရာမ ဘုန်းတော်ကြီး ကျောင်း၌ ပြုလုပ်သော မွန်လူဦးရေ စာရင်းကောက်ယူရေးလုပ်ငန်း သတင်းစာရှင်းလင်းပွဲမှ သိရသည်။
Read More »တိုင်းရင်းသားကျောင်းများ အသိအမှတ်ပြုရန် မွန်ကျောင်းသားသမဂ္ဂ ကြေညာချက်ထုတ်ပြန်
ဆယ်စုနှစ် ၄ ခု နီးပါးတည်ရှိခဲ့သော တိုင်းရင်းသားဒေသများရှိ အမျိူးသားကျောင်းများကို အမျိူးသားပညာရေးဥပဒေ အခန်း (၆)၊ ပုဒ်မ (၄၃) ကျောင်းအမျိူးစားများအောက်တွင် ထည့်သွင်းပေးရန် ယမန်နေ့ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မွန်ပြည်နယ် ကျောင်းသား သမဂ္ဂက ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့သည်။
Read More »တိုင်းရင်းစာပေသင်ကြားရေးနှင့် ပညာရေးစနစ်စိန်ခေါ်မှု မွန်ကျောင်းသားသမဂ္ဂ ဆွေးနွေးပွဲစတင်
မွန်ပြည်နယ်၊ ကျောင်းသားသမဂ္ဂမှ ကျင်းပပြုလုပ်သည့် တိုင်းရင်သားစာပေသင်ကြားရေးနှင့် ပညာရေးစနစ် စိန်ခေါ်မှုများ ဆိုင်ရာ ဆွေးနွေးပွဲကို ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၉ နာရီတွင် မော်လမြိုင်မြို့၊ တောင်ပေါက်ကျောင်းတိုက် ( နှီးဘုရား )၌ စတင် ကျင်းပခဲ့သည်။
Read More »အသက် ၉၂ နှစ်ရှိ နိုင်ငွေသိမ်း မွန်အမျိူးသားပါတီဥက္ကဌ ဆက်လက်ဆက်ခံ
မွန်အမျိူးသားပါတီ ပထမဆုံး ဗဟိုညီလာခံ ကျင်းပသည့်နောက်ဆုံးနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အသက် ၉၂ နှစ်ရှိပြီ ဖြစ်သော နိုင်ငွေသိမ်း ပါတီဥက္ကဌ ဆက်လက်ရွေးချယ်တင်မြှောက်ခံရသည်ကို တွေ့ရှိရသည်။
Read More »
မွန်သတင်းအေဂျင်စီ Mon News Agency