မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News

မူးယစ်ဆေးဝါး

အနင်းကျေးရွာ ဘူတာရုံတောစပ်အနီး မူးယစ်ဆေးဝါး ဖမ်းဆီးရမိ

မွန်သတင်းအေဂျင်စီ (သံဖြူဇရပ်၊ ၀၄ ဇန်နဝါရီ ၂၀၂၁) သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာ ဘူတာရုံတောစပ်အနီးတွင် ဇန်နဝါရီ ၃ ရက်နေ့ ညနေပိုင်းအချိန်က ရွာသားတစ်ဦးထံမှ မူးယစ်ဆေးဝါးဖမ်းဆီးရမိကြောင်း အနင်းရဲကင်းစခန်းထံမှ သတင်းရရှိသည်။ ” သတင်းရတော့ ကျနော်တို့ သက်သေတွေခေါ်ပြီး ဝင်ဝိုင်းတာပေါ့၊ WY ဆေးပြား ၆၀ နဲ့ လူတစ်ယောက်မိတယ်၊ ဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်ထားပါတယ်”ဟု အနင်းရဲကင်းစခန်းမှူး ဒုရဲအုပ်အောင်ကျော်ဇောက ပြောသည်။ မူးယစ်ဆေးဝါးများရောင်းချနေကြောင်းသတင်းအရ အနင်းဘူတာရုံအနီးတောစပ်တွင် ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်ရှာဖွေရာ နိုင်စိုး(၂၈ နှစ်) အနင်းကျေးရွာ အရှေ့ပိုင်းနေသူထံမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၆၀) ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းက ဖော်ပြသည်။ “ဖမ်းဆီးမှုကိုတော့ ကြိုဆိုတယ်၊ ဒီမူးယစ်ဆေးဝါးတွေ …

Read More »

ဘိန်းစာရွက်သယ်ဆောင်လာသူ အသက် ၁၅ နှစ်အရွယ်လူငယ်တစ်ဦးသံဖြူဇရပ်ရဲတပ်ဖွဲ့ဖမ်းဆီးရမိ

မွန်သတင်းအေဂျင်စီ (မော်လမြိုင်၊ ၀၃ ဇန်နဝါရီ ၂၀၂၁) သံဖြူဇရပ်မြို့နယ် ပင-ဝဲရက်သွားလမ်းပေါ်တွင် ဇန်နဝါရီလ ၂ ရက် ညနေပိုင်းအချိန်က မော်တော်ဆိုင်ကယ်ဖြင့် ဘိန်းစာရွက်သယ်ဆောင်လာသူ အသက် ၁၅ နှစ်အရွယ် လူငယ်တစ်ဦးကို ဖမ်းဆီးရမိကြောင်း သံဖြူဇရပ်မြို့မရဲစခန်းထံမှ သတင်းရရှိသည်။ “ဘိန်းစာရွက်တွေသယ်ဆောင်လာတဲ့ သတင်း ရပြီး ကျနော်တို့အဖွဲ့တွေ စောင့်ဆိုင်းနေကြတယ်ပေါ့၊ အဲ့ချိန် အခုကောင်လေးစီးလာတဲ့ ဆိုင်ကယ်ကို စစ်ဆေးတော့ ဘိန်စားရွက် ၂ ပိဿာလောက်နဲ့မိတယ်၊ ဥပဒေအတိုင်း အမှုဖွင့်အရေးယူထားပါတယ်”ဟု သံဖြူဇရပ်မြို့မရဲစခန်းမှ ဒုရဲအုပ်ကျော်နိုင်က ပြောသည်။ ကရုပ္ပိကျေးရွာတွင် နေထိုင်သူ အောင်ပြည့်ဖြိုး မောင်းနှင်လာသည့် Dream 125 ဆိုင်ကယ်ကို ရဲတပ်ဖွဲ့ဝင်များက ရပ်တန့်စစ်ဆေးရာမှ ဆိုင်ကယ်ရှေ့ခွကြားတွင် တင်ဆောင်ထားသည့် ဘိန်းစာရွက် အလေးချိန် …

Read More »