Homeသတင်းမူးယစ်ဆေးဝါးသံဖြူဇရပ်မြို့နယ်တွင် အသက်မပြည့်သည့် လူငယ်နှစ်ဦးထံမှ မူးယစ်ဆေးဝါး ဖမ်းဆီးရမိ

သံဖြူဇရပ်မြို့နယ်တွင် အသက်မပြည့်သည့် လူငယ်နှစ်ဦးထံမှ မူးယစ်ဆေးဝါး ဖမ်းဆီးရမိ

-

မွန်သတင်းအေဂျင်စီ (၂၆ ဇန်နဝါရီ ၂၀၂၁)

သံဖြူဇရပ်မြို့နယ် ဝယ်ဝင်ကရာကျေးရွားတွင် ဇန်နဝါရီလ ၂၃ ရက် ညပိုင်းအချိန်က အသက်မပြည့်သည့် ( ၁၈ နှစ်အောက်) လူငယ်နှစ်ဦးထံမှ မူးယစ်ဆေးဝါး ဖမ်းဆီးရမိကြောင်း သံဖြူဇရပ်မြို့မရဲစခန်းမှ သတင်းရရှိသည်။

သံဖြူဇရပ်မြို့မရဲစခန်းမှ ဒုရဲအုပ် ကျော်နိုင်က “ကျနော်တို့လှည့်ကင်းနဲ့ မူးယစ်ဆေးဝါးသတင်းစုံစမ်းနေတဲ့ချိန် ကောင်လေးနှစ်ယောက်ရဲ့ ဆိုင်ကယ်ကိုစစ်ဆေးတော့ မူးယစ်ဆေးပြား (၄၈)ပြားနဲ့မိတာပါ၊ ဥပဒေအတိုင်း အရေးယူဆောင်ရွက်ထားပါတယ်”ဟု ပြောသည်။

ဝယ်ဝင်ကရာတံတားအနီးတဝိုက်တွင် ရဲတပ်ဖွဲ့ဝင်များက နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် သံဖြူဇရပ်မြို့ ဟံသာဝတီရပ်ကွက်နေ (၁၇)နှစ်အရွယ် လူငယ်တစ်ဦးနှင့် (၁၆) နှစ်အရွယ်လူငယ်တို့နှစ်ဦးထံမှ WY စိတ်ကြွမူးယစ်ဆေးပြား (၄၈)ပြားကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းက ဖော်ပြသည်။

သံဖြူဇရပ်မြို့ခံ အငြိမ်းစား အထက်တန်းကျောင်းအုပ်ကြီး ဦးစံသောင်းက “မူးယစ်ဆေးဖမ်းဆီးတာဟာ လူသားကို မူးယစ်ဆေးအန္တရာယ်မှ ကာကွယ်စောက်ရှောက်တာပဲဖြစ်တယ်။ ဒါမှန်ကန်တဲ့လုပ်ရပ်ပဲ၊ ပြည်သူတရပ်လုံးပူးပေါင်းပါဝင်သင့်တယ်၊ အရင်းလဲမှ အဖျားထင်းဖြစ်မည်ဖြစ်၍ ရဲနဲ့ပြည်သူကြည်ဖြူစွာဖြင့် မူယစ်ဆေးအန္တရယ်ကို ယခုထက်ပူးပေါင်းလက်တွဲဆောင်ရွက်ကြပါ”ဟု ဆိုသည်။

အဆိုပါမူးယစ်ဆေးဝါး လက်ဝယ်ဖမ်းဆီးရမိသည့် လူငယ်နှစ်ဦးကို မယ(ပ)၈/၂၀၂၁ မူး/စိတ်ပြောင်း ၁၉(က)/၂၁ ဖြင့် သံဖြူဇရပ် မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားသည်။

အလားတူ မုဒုံမြို့ မြို့မ ၄ ရပ်ကွက် ထိပ်ကုန်းရပ်ကွက်နေ အမျိုးသားတစ်ဦးထံမှ မူယစ်ဆေးဝါး ၉၆ ပြားကို ဇန်ဝါရီလ ၂၃ ရက်နေ့ ညနေပိုင်းအခ်ျိန်တွင်လည်းကောင်း၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွ-တရနာကျေးရွာ ကားလမ်းပေါ်ရှိ ကဒုံစီးရွာထိပ်တွင် ဇန်နဝါရီလ ၁၉ ရက် နေ့လယ်ပိုင်းအချိန်က ဆိုင်ကယ်မောင်းနှင်လာသူ လူငယ်တစ်ဦးထံမှ WY မူးယစ်ဆေး ၂၇၅ ပြားနှင့် ICE အနည်းငယ် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းများဖော်ပြပြီးဖြစ်သည်။  

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts