Homeသတင်းမူးယစ်ဆေးဝါးရေးမြို့နယ်တွင် အောက်တိုဘာ ၁ ရက်မှ ၈ ရက်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၅ ထောင်ကျော်ဖမ်းဆီးရမိ

ရေးမြို့နယ်တွင် အောက်တိုဘာ ၁ ရက်မှ ၈ ရက်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၅ ထောင်ကျော်ဖမ်းဆီးရမိ

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ အောက်တိုဘာ ၉)

ရေးမြိုနယ်တွင် အောက်တိုဘာ ၁ ရက်မှ ၈ ရက်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၅ ထောင်ကျော် (၅၃၈၀ ပြား) ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar ၏ ဖော်ပြချက်အရ သိရသည်။

အောက်တိုဘာ ၈ ရက် ညနေ့ပိုင်းတွင် ရေးမြို့နယ်၊ ဒူးယားကျေးရွာ တိုက်နယ်ဆေးရုံအနီး၌ အောင်ဖြိုးခိုင် (ခ) အမောင် အသက် ၂၄ နှစ် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရဲကရပ်တန့်စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၈၀၀ ပြားကို ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

ကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၁၄ သိန်းခန့် မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ အောင်ဖြိုးခိုင် (ခ) အမောင် အား မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

အလားတူ အောက်တိုဘာ ၁ ရက် မနက်ပိုင်းတွင် ရေးမြို့ အောင်သုခ ရပ်ကွက်နေ ဇင်နီကျော် (ခ) ငန်းနီကျော်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ဝေလင်းဟန်ကို တွေ့ရှိခဲ့ပြီး စိတ်ကြွရူးသွပ်ဆေးပြား ၁၅၈၀ ပြားကို ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar က သတင်းဖော်ပြသည်။

စိတ်ကြွမူးယစ်ဆေးဝါးအပြင် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိသဖြင့် ဇင်နီကျော် (ခ) ငန်းနီကျော် (၃၂) နှစ် နှင့် ဝေလင်းဟန် (၃၃) နှစ်တို့အား မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts