မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဖားအောက် နည်းပညာတက္ကသိုလ်ဝင်းတစ်ဝိုက် လေပြင်းတိုက်ခတ်မှုကြောင့် လူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ကူညီကယ်ဆယ်မှုများ အရေးပေါ်လုပ်ဆောင်နေကြောင်း ကနဦး သိရသည်။

နိုဝင်ဘာ ၂ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်က လေပြင်းတိုက်ခတ်မှုဖြစ်ခဲ့သဖြင့် နည်းပညာတက္ကသိုလ်ဝင်းတစ်ဝိုက် သစ်ပင်များ လဲကျ၍ လူနေအိမ်များပျက်စီးမှု ရှိခဲ့သည်။
ဒဏ်ရာရလူနာများကို ဖားအောက်တိုက်နယ်ဆေးရုံနှင့် မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ပေးနေသည့်အပြင် လမ်းပိုင်းပိတ်ဆို့မှုများ၊ ပိတ်မိနေသည့် နေအိမ်များကို မီးသတ်တပ်ဖွဲ့နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များက ညတွင်းချင်း ရှင်းလင်းဆောင်ရွက်ပေးနေရသည်။
မိုးလေဝဿနှင့် ဇလဗေဒမှ မွန်ပြည်နယ်နှင့် တိုင်းဒေကြီး၊ပြည်နယ်အများစုတွင် မိုးတိမ်တောင်ဖြစ်ထွန်းမှုကြောင့် မိုးတိမ်တောင် ရွေ့လျားသည့် နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းစသည့် ဖြစ်စဉ်များ ကြိုတင်သတိပြုရန် မိုးလေဝဿနှင့် ဇလဗေဒမှ တိုက်တွန်းထားသည်။




