Homeသတင်းပုလိန်ရွာတစ်ဝိုက် သွားလာနေသည့် စစ်ကြောင်းများကြောင့် လုံခြုံရေးစိုးရိမ်နေရ

ပုလိန်ရွာတစ်ဝိုက် သွားလာနေသည့် စစ်ကြောင်းများကြောင့် လုံခြုံရေးစိုးရိမ်နေရ

-

မွန်နှင့် ကရင်ပြည်နယ်ကြားတွင်ရှိသည့် ပုလိန်ကျေးရွာတွင် အောက်တိုဘာ ၁၂ ရက်နေ့က တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်အင်အားဖြည့်တင်းရန်နှင့် စစ်ကြောင်းထိုးရန် သွားလာနေသည့် စစ်ကြောင်းအဖွဲ့များကြောင့် လုံခြုံအခြေအနေစိုးရိမ်နေရကြောင်း ဒေသခံံများက ပြောသည်။

စစ်ကြောင်းများသည် ပုလိန်ရွာနှင့် အနီးတစ်ဝိုက် ရွာများမှတစ်ဆင့် ယနေ့အောက်တိုဘာ ၂၀ ရက်နေ့တွင် အဘစ်တပ်ရင်းသို့ ရောက်ရှိနေပြီး စစ်ယာဉ်များကို လမ်းပိုင်းတွင်တွေ့မြင်နေရကြောင်း ကြာအင်းဆိပ်ကြီး ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

"နေရာတိုင်းလိုလို သူတို့စစ်ကြောင်းရှိနေတုန်းမလို့ ကျမတို့လိုအခြားအနီးအနားရွာကဆို ခြံသွားဖို့ ရာဘာရောင်းဖို့ သူတို့စစ်ကြောင်းနဲ့ ဆုံတော့ ပြန်လှည့်လာရတယ်။ လမ်းကလည်းပိတ်ထားဆဲဖြစ်တယ်။ ရွာမှာကျန်တဲ့သူတွေလည်း ကျန်နေတာမလို့ ညဘက်ဆို မီးတွေမလင်းအောင်တော့ သတိထား နေရတယ်။"ဟု ဆိုသည်။

စစ်ကြောင်းထိုးနေသည့် စစ်တပ်အဖွဲ့နှင့် မွန်၊ ကရင် တော်လှန်ရေးပူးပေါင်းတပ်တို့ အောက်တိုဘာ ၁၉ ရက်နေ့အထိ တိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွားနေသည်။

အောက်တိုဘာ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက ပုလိန်ရွာအနီးတစ်ဝိုက်ကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီး အဘစ်မြှောက်တပ်ရင်း (၃၀၈) မှလည်း လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်မှု လုပ်ဆောင်နေသည်။

ထို့ကြောင့် ပုလိန်ကျေးရွာမှဒေသခံများ ရွာလုံးကျွတ်တိမ်းရှောင်နေရသလို၊ ခလယ်-တံခွန်တိုင်ကျေးရွာမှ ဒေသခံများလည်း ဘေးလွတ်ရာတိမ်းရှောင်နေရဆဲဖြစ်သည်ဟု အနီးနားရွာမှဒေသခံများမှ သိရသည်။

စစ်ရှောင်များကို စစ်တပ်မှ နေရပ်ပြန်ရန် ပြောဆိုထားပြီး၊ အခြေအနေမတည်ငြိမ်သေးသည့်အတွက် နေရပ်မပြန်သူများ မရှိသေးပေ။

“စစဖြစ်တုန်းက စစ်ကြောင်းဝင်ပြီးထွက်မယ်အထင်နဲ့ ရှောင်ထွက်မမီတဲ့သူတွေ ကျန်နေတာရှိတယ်။ ကျမတို့အနီးအနားရွာတွေလည်း အသွားအလာမလုပ်ရဲသေးဘူး၊ ရွာပြန်ဝင်တဲ့ ပုလိန်ရွာသားတွေလည်း အဖမ်းခံရတာရှိတယ်။ ၁၃ ရက်နေ့ညပိုင်းက ရွာခံအမျိုးသမီးတစ်ယောက် လက်နက်ကြီးကြောင့် ဒဏ်ရာရသေးတယ်။” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။

မွန်၊ ကရင်တော်လှန်ရေးတပ်များ ပူပေါင်းတိုက်ခိုက်ခဲ့သည့် အောက်တိုဘာ (၁၂၊ ၁၃၊ ၁၄) ပုလိန်တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများနေသည့်အတွက် စစ်အင်အားဖြင့်ရန်၊ စစ်ကြောင်းထိုးရန် ထပ်မံပြင်ဆင်နေသည့် အခြေအနေတွင် ရှိနေသည်ဟု ဒေသခံများ သုံးသပ်လျှက်ရှိသည်။

အဘစ်-ကြာအင်းဆိပ်ကြီးလမ်းပိုင်း ယနေ့အောက်တိုဘာ ၂၀ ရက်နေ့အထိ ယာဉ်အတက်အဆင်းမရှိသေးကြောင်း၊ အဆိုပါလမ်းပိုင်းအတွင်း ယာဉ်များသွားလာရန် မလွယ်ကူသေးကြောင်းလည်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,800SubscribersSubscribe

Latest posts