Homeသတင်းရေဖြူဒေသခံအမျိုးသားတစ်ဦး သတင်းအစအနမရဘဲ တစ်လကျော်ကြာ ပျောက်ဆုံး

ရေဖြူဒေသခံအမျိုးသားတစ်ဦး သတင်းအစအနမရဘဲ တစ်လကျော်ကြာ ပျောက်ဆုံး

-

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကျောက်ကဒင်ရွာတွင် ပျောက်ဆုံးနေသည့် ဒေသခံ အမျိုးသားတစ်ဦး  ၁ လ ကျော် ကြာသည်အထိ သတင်းအစအနမရသေးကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ ပျောက်ဆုံးသူမှာ ကျောက်ကဒင်ရွာတွင် နေထိုင်သည့် အသက် ၄၁ နှစ်အရွယ် ဦးမျိုးနောင်ဖြစ်ပြီး စက်တင်ဘာလ ၇ ရက်နေ့က ရွာအနီး ဥယျာဉ်ခြံ‌တွင် ကွမ်သီးနုခူးရန် သွားရောက်စဉ် ခြံအတွင်း၌ ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

ပျောက်ဆုံးသည့်ရက်မှစ၍ သတင်းတစ်စုံတစ်ရာမေသေးသဖြင့်  မိသားစုဝင်များက ရှာဖွေနေဆဲဖြစ်သည်။

“သူမပျောက်ခင်တနေ့က တိုက်ပွဲဖြစ်ထားတယ်။ ကွမ်းသီးနုတွေခူးထားတော့ ပျောက်သွားမှာဆိုလို့ သွားယူလိုက်မယ်တဲ့။ အဲ့ဒါနဲ့ အဖော်တစ်ယောက်နဲ့ ခြံထွက်သွားတယ်။ ဟိုရောက်တော့ ကွမ်းသီးနုထည့်ဖို့ အိတ်မလောက်လို့ အိတ်သွားယူတယ်ဆိုပြီး သူခြံမှာပဲ လမ်းလျှောက်သွားတာ သူလဲပြန်မလာတော့ရော။" ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

မိသားစုဝင်များက ဒေသအတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်အဖွဲ့များနှင့် စစ်ကော်မရှင်စစ်တပ်အဖွဲ့ထံ သွားရောက်စုံစမ်းခဲ့မေးမြန်းသော်လည်း ၎င်းတို့အဖွဲ့မှ ဖမ်းဆီးထားခြင်းမရှိဟု ဆိုသည်။

ပျောက်ဆုံးသူ ဦးမျိုးနောင်သည် အလယ်စခန်းရွာဇာတိဖြစ်ပြီး ကျောက်ကဒင်ရွာတွင် အိမ်ထောင်ကျသဖြင့် အဆိုပါရွာတွင်နေထိုင်၍ ဥယျာဉ်ခြံလုပ်ငန်း လုပ်ကိုင်နေသူဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ရက်နေ့က စစ်ကော်မရှင်တပ်ဖွဲ့နှင့် တော်လှန်ရေးအဖွဲ့တို့ကြား ကျွဲတလင်းနှင့် လော့သိုင်းကျေးရွာကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားပြီး ၇ ရက်အတွင်း စစ်ကော်မရှင်ဘက်မှ ဒေသခံများကို ဥယျာဉ်ခြံသို့ မသွားရန်း တားမြစ်ထားကြောင်း သိရသည်။

လူပျောက်ဆုံးနေခြင်းအပြင်  ကျောက်ကဒင်၊ ကျွဲတလင်း၊ လော့သိုင်းရွာတစ်လျောက်တိုက်ပွဲများ မကြာခဏ ဖြစ်ပွားပြီး စစ်ကော်မရှင် စစ်ကြောင်းအဖွဲ့မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေမှုကြောင့် ဒေသခံများ ဥယျာဉ်ခြံသွားလာရန် အခက်အခဲရှိနေကြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,800SubscribersSubscribe

Latest posts