Homeသတင်းအသွင်ကူးပြောင်းရေးကာလ လူငယ်များ၏ အခန်းကဏ္ဍ မဖြစ်မနေထည့်သွင်းရန် ( Youth & Transitional Justice ) ဆွေးနွေးပွဲမှ အလေးပေးထောက်ပြ

အသွင်ကူးပြောင်းရေးကာလ လူငယ်များ၏ အခန်းကဏ္ဍ မဖြစ်မနေထည့်သွင်းရန် ( Youth & Transitional Justice ) ဆွေးနွေးပွဲမှ အလေးပေးထောက်ပြ

-

အသွင်ကူးပြောင်းရေး ကာလဆိုင်ရာ တရားမျှတမှုဖော်ဆောင်ရာတွင် မြန်မာ့နိုင်ငံရေး အနာဂတ်လမ်းကြောင်း မည်သို့ပင် ပြောင်းလဲစေကာမူ လူငယ်များ၏ အခန်းကဏ္ဍကို မဖြစ်မနေထည့်သွင်းစဉ်းစားရန် MYO မှ ဦးဆောင်သည့် ( Youth & Transitional Justice )ဆွေးနွေးပွဲမှ လူငယ်များ အလေးပေးထောက်ပြခဲ့ကြောင်း သိရသည်။

လူငယ်နှင့် အသွင်ကူးပြောင်းရေးကာလဆိုင်ရာ တရားမျှတမှု ( Youth & Transitional Justice ) စတုတ္ထအကြိမ်ဆွးနွေးပွဲကို အောက်တိုဘာလ ၁၂ နှင့် ၁၃ ရက်နေ့တို့တွင် လွတ်မြောက်နယ်မြေတစ်နေရာ၌ လူတွေ့ပြုလုပ်ခဲ့သည်။

အနာဂတ် မြန်မာ့နိုင်ငံရေး ရှေးပြေး ဇာတ်ညွှန်း ၄ ခုဖြစ်သည့် တော်လှန်ရေးအောင်မြင်နိုင်မှု၊ လက်ရှိအာဏာရထားသည့်စစ်ကောင်စီအောင်မြင်နိုင်မှု၊ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ နှစ်ဦးနှစ်ဖက်ညှိနှိုင်းပြီး အပြန်အလှန်ဆွေးနွေးမှု၊ ယခု အခြေအနေအတိုင်း ဆက်လက်ရွေ့လျားသွားမှုတို့ကို တက်ရောက်လူငယ်များမှ အမှန်တရားနှင့် တရားမျှတမှုရရှိရန် ဆွေးနွေးခဲ့ကြသည်။

တက်ရောက်သူလူငယ်များက ပေါ်ပေါက်လာမည့် အနာဂတ်နိုင်ငံရေးအခြေအနေတွင် ပြည်သူအပါအဝင် လူငယ်များအနေဖြင့် အမှန်တရားနှင့် တရားမျှတမှုများ ရရှိရန် မလွယ်ကူသည့် အခြေအနေများ ရှိနိုင်ကြောင်း ထောက်ပြခဲ့ကြသည်။

ထို့ကြောင့် အသွင်ကူးပြောင်းရေး ကာလဆိုင်ရာ တရားမျှတမှုဖော်ဆောင်ရာတွင် မြန်မာနိုင်ငံရေး အနာဂတ်လမ်း ကြောင်း မည်သို့ပင် ပြောင်းလဲေစေကာမူ အင်အားစုများ၏ တရားဝင်မှုနှင့်အတူ လူငယ်များ၏ အခန်းကဏ္ဍကို မဖြစ်မနေထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း အလေးပေးထောက်ပြခဲ့သည်။

အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာ သီအိုရီများနှင့် အခြေခံ သဘောတရားများ၊ လူငယ်၊ အမျိုးသမီးများနှင့် သက်ဆိုင်သည့် တရားမျှတမှုဆိုင်ရာ အကြောင်းအရာများ၊ ဥပဒေရေးရာ ရှုထောင့်များနှင့် နိုင်ငံတကာ၏ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာ အတွေ့အကြုံများနှင့် ချဉ်းကပ်နည်းများကို ၂ ရက်တာ ဆွေးနွေးပွဲတွင် ထည့်သွင်းခဲ့သည်။

တော်လှန်ရေးအင်အားစုများ အလုံးစုံအောင်မြင်မည့်အခြေအနေတွင် လူထုထောက်ခံမှုအပေါ် အခြေခံသည့် တရားဝင်မှုရရှိနိုင်ပြီး စစ်တပ်၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အဆုံးသတ်နိုင်ခြေ အမြင့်ဆုံးဖြစ်သော်လည်း တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားအင်အားစုများအကြား စနစ်တကျ ညှိနှိုင်းရမည့် စိန်ခေါ်မှုများရှိနေဟုလည်း ဆိုသည်။

ဆွေးနွေးပွဲသို့ မွန်အရပ်ဘက်အဖွဲ့အစည်း ၁၂ ဖွဲ့မှ လူငယ်ကိုယ်စားလှယ် ၂၈ ဦး အပါအဝင် အမှန်တရားနှင့် တရားမျှတမှုဆိုင်ရာကျွမ်းကျင်သည့် ဆရာ၊ ဆရာများလည်း ပါဝင်တက်ရောက်ခဲ့သည်။

MYPO မှ လူငယ်များ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု (Transitional Justice) နှင့် ပြန်လည်ကုစားရေးကို အခြေခံသောတရားမျှတမှု (Restorative Justice)ဆိုင်ရာ အသိပညာနှင့် နားလည်မှုများ တိုးမြှင့်လာစေရန်၊ တရားမျှတမှုဆိုင်ရာ စိန်ခေါ်မှုများကို အပြန်အလှန်ဆွေးနွေး၍ လက်တွေ့ကျသော ဖြေရှင်းနည်းများရှာဖွေနိုင်စေရန်နှင့် တရားမျှတမှုလုပ်ငန်းစဉ်များတွင် လူငယ်များ၏ ပါဝင်မှု မြှင့်တင်ရန် ဆွေးနွေးပွဲများကို ရည်ရွယ်ကျင်းပနေခြင်းဖြစ်သည်။

တတိယအကြိမ်မြောက်ဆွေးနွေးပွဲကို မွန်ပြည်နယ်တွင် လူတွေ့ကျင်းပခဲ့ကာ ပထမအကြိမ်နှင့် ဒုတိယအကြိမ်ကို အွန်လိုင်းတွင် ကျင်းပခဲ့သည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,800SubscribersSubscribe

Latest posts