Homeသတင်းမလေးရှားမှ ပြန်ပို့သည့် မြန်မာနိုင်ငံသား ၁,၅၀၀ နီးပါးတွင် တိုင်းရင်းသားလူငယ်များပါဝင်

မလေးရှားမှ ပြန်ပို့သည့် မြန်မာနိုင်ငံသား ၁,၅၀၀ နီးပါးတွင် တိုင်းရင်းသားလူငယ်များပါဝင်

-

မလေးရှားအစိုးရက မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်လိုက်သည့် အကျဉ်းသား ၁,၅၀၀ နီးပါးတွင် တရားဝင်အထောက်အထားမရှိသည့် တိုင်းရင်းသားလူငယ် အများအပြား ပါဝင်ကြောင်း မလေးရှား မြန်မာရွှေ့ပြောင်းလုပ်သားအရေး ကူညီလှုပ်ရှားနေသူများ၏ ပြောပြချက်အရ သိရသည်။

မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးစခန်း ၁၄ ခုတို့တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို ကျန်းမာရေးစစ်ဆေးမှုနှင့် မည်သူမည်ဝါ ဖြစ်ကြောင်း အတည်ပြုပြီးနောက် Perak ပြည်နယ်၊ Lumut ရှိ ရေတပ်စခန်းမှတစ်ဆင့် စစ်သင်္ဘော အပါအဝင် သင်္ဘော ၃ စီးဖြင့် ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်နေ့က  ပြန်လည်ပို့ဆောင်ခဲ့သည်။

ပြန်လည်ပို့ဆောင်ထားသူများတွင်  ရိုဟင်ဂျာများကို အဓိကပါဝင်သည်ဟု ကုသမဂ္ဂမဟာမင်းကြီးရုံး(UNHCR) အချက်အလက်နှင့် မလေးရှာသတင်းများအရ ဖော်နေသော်လည်း မြေပြင်တွင် ထောင်ဒဏ် ၁ နှစ်နှင့်အထက် ချမှတ်ခံရသည့် မွန်၊ကရင်နှင့် ကရင်နီ ရွှေ့ပြောင်းလုပ်သားများ ပါဝင်နိုင်သည်ဟု မလေးရှားမြန်မာရွှေ့ပြောင်းလုပ်သားအရေး ကူညီနေသူတစ်ဦးက ဆိုသည်။

“သတင်းထွက်နေတာက ရိုဟင်ဂျာတွေကိုပဲ အဓိက ပြန်ပို့တာဆိုပေမဲ့ ကျနော်တို့ နားလည်ထားသလောက်တော့ ၉၀ ရာခိုင်နှုန်းလောက်က ရိုဟင်ဂျာ မပါပါဘူး။ ဒါပေမဲ့ သူတို့က အဲ့ဒီနာမည်ကိုပဲ ခံချင်ကြတာ။ ” ဟု ဆိုသည်။

ရွှေ့ပြောင်းလုပ်သားအရေး ကူညီဆောင်ရွက်သူများအနေဖြင့်လည်း အခြေအနေစောင့်ကြည့်ပြီး နေရပ်ပြန်လည်ပို့ဆောင်ခံရသည့် ရွှေ့ပြောင်းလုပ်သားများအား ဝိုင်းကူညီလုပ်ဆောင်ပေးရန်ရှိကြောင်းလည်း ဆိုသည်။

လက်ရှိပြန်လည်ပို့ဆောင်ခံရသူအများစုသည် မှတ်ပုံတင်အထောက်အထားမရှိသူများဖြစ်ပြီး မလေးရှားနိုင်ငံရှိ မြန်မာသံရုံးမှ မှတ်ပုံတင်လုပ်ဆောင်ပေးထားသူများရှိကြောင်းလည်း ဆက်ပြောသည်။

“ပြန်ပို့တဲ့အထဲ ပါသွားတဲ့သူတွေထဲမှာဆို အဓိကက မှတ်ပုံတင်မရှိတဲ့ ဘာမသိဘာနားမလည်တဲ့ ထောင်ထဲမှာ ကျန်ခဲ့တဲ့သူတွေကြီးပဲ။ ဘာလို့ဆို သံရုံးကနေ ထောင်ထဲသွားပြီး အဲ့လူတွေကို ရွာမှာခေါ်တဲ့ နာမည်ကိုယူပြီး အထောက်အထားလုပ်ပေးလိုက်တယ်။ အဲ့လိုတွေရှိတယ်။ မှတ်ပုံတင်ရှိတဲ့သူတွေ ကတော့ သံရုံးကို အကြောင်းကြား၊ ဒဏ်ကြေးတွေဆောင်ပြီး အပေါ်လမ်းကနေ ပြန်လို့ရတယ်။ ” ၎င်းက ဆိုသည်။

မလေးရှားအာဏာပိုင်များနှင့် မြန်မာသံရုံးတို့ ပူးပေါင်းဆောင်ရွက်သည့် အဆိုပါ ပြည်နှင်ဒဏ်ပေးရေး လုပ်ငန်းစဉ်သည် ပြင်ပအဖွဲ့အစည်းများနှင့် အများပြည်သူအတွက် ပွင့်လင်းမြင်သာမှု လုံးဝမရှိဘဲ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရွှေ့ပြောင်းလုပ်သားအရေး ကူညီဆောင်ရွက်သူများမှ ထောက်ပြကြသည်။

မလေးရှား ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယခု ပို့ဆောင်မှုသည် မြန်မာစစ်အစိုးရနှင့် သဘောတူညီထားသည့် ပထမအကြိမ် ထိန်းသိမ်းခံမြန်မာနိုင်ငံသားများအား ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ်ဖြစ်သည်။

အဆိုပါ အစီအစဉ်တွင် မည်သူမည်ဝါ ပါဝင်သည်ဆိုသည့် အချက်အလက်များနှင့် လွှဲ ပြောင်းရေး လုပ်ငန်းစဉ်များကို နှစ်ဖက်အာဏာပိုင်များ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ခြင်းမရှိဘဲ လျှို့ဝှက်ဆောင်ရွက်ခဲ့သည့်အတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) နှင့် ဒေသတွင်း လူ့အခွင့်အရေး အဖွဲ့အစည်းများက ထောက်ပြကန့်ကွက်ထားကြပြီး ပြန်လည်ပို့ဆောင်ခံရသူများအနေဖြင့် အဓမ္မစစ်မှုထမ်းခိုင်းခြင်းနှင့် ဖိနှိပ်ချုပ်ချယ်မှုများ ရင်ဆိုင်ရမည်ကို စိုးရိမ်လျက်ရှိကြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,700SubscribersSubscribe

Latest posts