Homeသတင်းမြဝတီ သောင်ရင်းမြစ်ရေ စိုးရိမ်ရေအမှတ်ထက် ဆက်ရှိနေဆဲ

မြဝတီ သောင်ရင်းမြစ်ရေ စိုးရိမ်ရေအမှတ်ထက် ဆက်ရှိနေဆဲ

-

ကရင်ပြည်နယ်၊ မြဝတီမြို့ သောင်ရင်းမြစ်ရေသည် ယနေ့ဩဂုတ်လ ၂၂ ရက် မွန်းလွဲပိုင်းအထိ ဆက်လက်ကျဆင်းနေသော်လည်း စိုးရိမ်ရေအမှတ်ထက် ရှိနေဆဲဖြစ်ပြီး ပြည်သူ ၂,၃၀၀ ကျော် ရေဘေးကယ်ဆယ်ရေးစခန်းများ၌ ဆက်လက်ခိုလှုံနေရဆဲဖြစ်ကြောင်း သိရသည်။

မိုးလေဝသဇလဗေဒနှင့်ဇလဗေဒမှ ယနေ့ ညနေ ၆ နာရီခွဲအချိန် တိုင်းတာချက်များအရ သောင်ရင်းမြစ်ရေသည် ၁၀၀၀ စင်တီမီတာသို့ ရောက်ရှိနေပြီး မြို့၏ စိုးရိမ်ရေအမှတ်အထက် ၃၇ စင်တီမီတာခန့် မြင့်တက်ကျော်လွန်နေဆဲ ဖြစ်သည်။

မြို့အတွင်းအနိမ့်ပိုင်းနေရာအချို့တွင် ရေပြန်လည်ကျဆင်းသွားပြီဖြစ်သော်လည်း ရပ်ကွက်အချို့တွင်မူ ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

“ အချို့နေရာတွေရေကျကုန်လို့ သန့်ရှင်းရေးလုပ်နေကြတာလဲရှိတယ် မကျသေးတဲ့ရပ်ကွက်‌တွေလဲရှိတယ်။ ရေက တက်လဲမြန်တယ်။ ပြန်ကျတာလဲမြန်တယ်။ ကျမတို့ဘက်မှာဆို ရေက အိမ်ပေါ်အထိမရောက်တော့ မီးတွေလဲပြန်မပြင်ထိဘူး။ နုံတွေလည်းသိပ်မကျန်ခဲ့ဘူး။ ” ဟု မြဝတီမြိုခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ဖွင့်လှစ်ထားရသည့် ယာယီရေဘေးရှောင်စခန်း ၆ ခုအနက် ရေပူတောင်ပေါ်ကျောင်းစခန်းတစ်ခုကို ယနေ့မွန်းလွဲပိုင်းတွင် ပိတ်သိမ်းနိုင်ခဲ့ပြီး ကျန်ရှိသည့် ကယ်ဆယ်ရေးစခန်း ၅ ခုတွင် ရေဘေးသင့်ပြည်သူများ ဆက်လက်ခိုလှုံနေကြရသည်။

လက်ရှိဖွင့်လှစ်ထားသည့် အမှတ် (၃) ရပ်ကွက်ရှိ ဓိဌာန်အောင်စေတီဓမ္မာရုံ၊ ဓမ္မံရံအောင်ဓမ္မာရုံ၊ အမှတ် (၄) ရပ်ကွက်ရှိ တောရဘုန်းကြီးကျောင်း၊ ကြခတ်တောဘုန်းကြီးကျောင်းအပြင် အမှတ် (၅) ရပ်ကွက်ရှိ ကိုးနဝင်းကျောင်းစခန်း စသည့် ရေဘေးရှောင်စခန်းများတွင် ယနေ့ညနေအထိ ရေဘေးရှောင်ပြည်သူ စုစုပေါင်း ၂,၃၀၀ ကျော် ရှိနေကြောင်း သိရသည်။

ရေးဘေးကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများအတွက် နေ့စဉ်စားနပ်ရိက္ခာနှင့် အရေးပေါ်ထောက်ပံ့ပစ္စည်းများကို မြဝတီခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့၊ နယ်မြေခံတပ်ဖွဲ့ဝင်များနှင့် ပြင်ပစေတနာရှင် အလှူရှင်များက ပူးပေါင်းကာ လိုက်လံကူညီထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts