Homeမေးမြန်းချက်“လုံခြုံတဲ့ အိမ်ရှိတာတောင်မှ အိမ်မှာ မအိပ်ရဘူး။ ထမင်းချက်ရင် မီးခိုးတွေ မြင်မှာဆိုးလို့ မနက်စောစော သို့မဟုတ် ညမိုးချုပ်မှ ထမင်းချက်စားရတဲ့ အနေအထား။...

“လုံခြုံတဲ့ အိမ်ရှိတာတောင်မှ အိမ်မှာ မအိပ်ရဘူး။ ထမင်းချက်ရင် မီးခိုးတွေ မြင်မှာဆိုးလို့ မနက်စောစော သို့မဟုတ် ညမိုးချုပ်မှ ထမင်းချက်စားရတဲ့ အနေအထား။ လူထုကို ပစ်မှတ်ထား တိုက်ခိုက်တာဖြစ်တဲ့အတွက် လူထုသေဆုံးမှုတိုးသတဲ့ တိုးလာတယ်။ ထိခိုက်ဒဏ်ရာရတဲ့ လူထုတွေလဲ အများကြီးရှိတယ်။ လူထုတွေက ဒီနောက်ဆက်တွဲ ပြဿနာတွေလဲ ဆက်လက်ပြီးမှ ခံစားနေရတယ်”

-

မြန်မာပြည်အရှေ့တောင်ပိုင်းဒေသမှာ စစ်တပ်ရဲ့ လူအခွင့်အရေးချိုးဖောက်ကျူးလွန်မှုတွေ ပိုမိုဆိုးရွားလာပြီး အဓိက လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ မြေမြှုပ်မိုင်း၊ တွေ့လျှင်ပစ်စနစ်၊ အဓမ္မဖမ်းဆီးခြင်း စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စစ်တပ်က ကျူးလွန်နေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က အစီရင်ခံစာထုတ်ပြီး ပြောဆိုထားပါတယ်။

စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာမှုတွေကြောင့် ဒေသခံရွာသားတွေ ဖမ်းဆီး၊ သတ်ဖြတ်၊ နှိပ်စက်ခံရတာ၊ ပေါ်တာဖမ်းခံရပြီး လမ်းပြအဖြစ်စေခိုင်းတာ၊ အဓမ္မစစ်သားစုဆောင်းခံရတာ၊ အဓမ္မပျောက်ဆုံးခြင်းဖြစ်စဉ်တွေ ပိုမိုများပြားလာတယ်လို့ ဆိုပါတယ်။

စစ်တပ်က ကျူးလွန်တဲ့ လူ့အခွင့် အရေးချိုးဖောက်ကျူးလွန်မှုတွေဟာ ဒေသခံရွာသားတွေကို အမြဲတစေ အကြောက်တရားအောက်က ရှိစေပြီး နေရပ်ရွှေ့ပြောင်း တိမ်းရှောင်နေရခြင်းကြောင့် မလုံခြုံမှုအပြင် အရေးတကြီး လိုအပ်နေတဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ အသက်မွေးဝမ်းကြောင်းမှုများ လက်လှမ်းမီနိုင်ရန် အကန့်အသတ်ဖြင့် ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ KHRG ဆိုပါတယ်။

မြန်မာပြည်အရှေ့တောင်ပိုင်းဒေသက စစ်တပ်ရဲ့ လူအခွင့်အရေးချိုးဖောက်မှု ကျူးလွန်နေတဲ့အခြေအနေကို ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ၏ သုတေသနနှင့် စည်းရုံးလှုံ့ဆော်ရေး ဒါရိုက်တာ စောအဲလ်ဘတ်နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ အစီရင်ခံစာကို ဘာလို ရည်ရွယ်ချက်နဲ့ ထုတ်ပြန်တာလဲ။ အစီရင်ခံစာရဲ့ အဓိကတွေ့ရှိချက် (Key findings) တွေကို အတိုချုံး ပြောပေးပါ။

ဖြေ ။ ။ အစီရင်ခံစာရဲ့ ရည်ရွယ်ချက်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ လက်နက်ပဋိပက္ခအတွင်း စစ်ဘေးရှောင် အမျိုးများရဲ့ တွေ့ကြုံနေရတဲ့ စိန်ခေါ်မှုများ၊ သူတို့ရဲ့ စိုးရိမ်ပူပန်မှုများနှင့် သူတို့ရဲ့ စိန်ခေါ်မှုများအပေါ် ပြန်လည်တုန့်ပြန်မှု့များကို ဖေါ်ပြချင်တာ ဖြစ်ပါတယ်။ အဓိကတွေ့ရှိချက်ကတော့ အမျိုးသမီးအများစုက လုံခြုံတယ်လို့ မခံစားရဘူး။ စစ်ဘေး‌နေထိုင်ရာ‌ ဒေသများကို စစ်တပ်မှ ပစ်မှတ်ထား တိုက်ခိုက်ခြင်းများ ရှိနေသောကြောင့် တစ်နေရာပြီး တစ်နေရာ ရွှေ့ပြောင်း စစ်ဘေးရှောင်နေရသည့် စိန်ခေါ်မှုများကို ကြိမ်ဖန်များစွား ကြုံတွေ့ခံစားရသည်။ အမျိုးသမီးအများစုက တစ်ကြိမ်း သို့မဟုတ် ထပ်ခါတလဲလဲ စစ်ဘေးရှောင် နေထိုင်ရတဲ့ ပြဿနာနှင့် ရင်ဆိုင်နေရတယ်။ သူတို့ကို ခွဲးခြားဆက်ဆံခံရတယ်။ အိမ်ထောင်ဦးစီး လင်ယောကျ်ား ဆုံးပါးသွားတဲ့အခါ မိသားစုတာ၀န်ကို ဒုက္ခအမျိုးမျိုးကြားကနေ မိသားစုကို ဆက်လက်ထောက်ပံ့ စောင့်ရှောက်ရတဲ့ တာ၀န်ကို ယူရတယ်။ စစ်ဘေးရှောင်ရပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှု၊ အစားအသောက်လက်လှမ်းမီမှု၊ ကလေးတွေရဲ့ ပညာရေး လက်လှမ်းမီမှု၊ သွားလာလှုပ်ရှားနိုင်ရန် စိန်ခေါ်မှုမျိုးစုံနှင့် ရင်ဆိုင်ရသည့် အခြေအနေ ဖြစ်နေပါတယ်။

မေး ။ ။ စစ်တပ်က ဘယ်လိုပုံစံမျိုးနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်နေတာလဲ။ ဘယ်လို လူ့အခွင့်အရေးချိုးဖောက်မှုမျိုးကို ပိုပြီး ကျူးလွန်နေတာရှိလဲ။

ဖြေ ။ ။ စစ်တပ်မှ သွားလာလှုပ်ရှားမှုများကို ကန့်သန့်တားမြစ်ချင်း လက်နက်ကြီးများကို ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် စစ်ဘေးရှောင်များအနေဖြင့် လုံခြုံသည့် နေရာမရှိ၊ အစားအသောက်များ သယ်ယူခွင့် ပိတ်ပင်တားဆီးခြင်း လေကြောင်းဖြင့် အရပ်သားပြည်သူများနှင့် အရပ်သားပိုင် ပစ္စည်းများအား ပစ်မှတ်ထား တိုက်ခိုက်ခြင်း စသော လူ့အခွင့်အရေးချိုးဖောက်များကို ‌‌‌ဗြောင်ဗြောင်တင်းတင်း ကျုးလွန်နေတာပါ။

မေး ။ ။ လေကြောင်းတိုက်ခိုက်မှုနဲ့ ဒရုန်းတိုက်ခိုက်မှု ဘယ်လောက်အထိ တိုးလာလဲ။

ဖြေ ။ ။ ကရင်ပြည်နယ်တစ်ခုလုံးအနေနဲ့ ခြုံပြောရရင် နေ့တိုင်(ညတိုင်း) နီးပါရှိပါတယ်၊ တစ်နေရာ မဟုတ်ရင် တစ်နေရာ အမြဲ တိုက်ခိုက်မှုတွေ ကျူးလွန်နေပါတယ်။

မေး ။ ။ အရပ်သားတွေအပေါ် သက်ရောက်မှုက ဘယ်လောက် ပြင်းထန်နေပါသလဲ။

ဖြေ ။ ။ ပြင်းထန်ပါတယ်။ လုံခြုံတဲ့ အိမ်ရှိတာတောင်မှ အိမ်မှာ မအိပ်ရဘူး။ ထမင်းချက်ရင် မီးခိုးတွေ မြင်မှာဆိုးလို့ မနက်စောစော သို့မဟုတ် ညမိုးချုပ်မှ ထမင်းချက်စားရတဲ့ အနေအထား။ လူထုကို ပစ်မှတ်ထား တိုက်ခိုက်တာဖြစ်တဲ့အတွက် လူထုသေဆုံးမှုတိုးသတဲ့ တိုးလာတယ်။ ထိခိုက်ဒဏ်ရာရတဲ့ လူထုတွေလဲ အများကြီးရှိတယ်။ လူထုတွေက ဒီနောက်ဆက်တွဲ ပြဿနာတွေလဲ ဆက်လက်ပြီးမှ ခံစားနေရတယ်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts