Homeသတင်းပေါင်မြို့တွင် ရထားကြိတ်ခံရပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့

ပေါင်မြို့တွင် ရထားကြိတ်ခံရပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့

-

မွန်ပြည်နယ်၊ ပေါင်မြို့၊ ကဒုံစီးရပ်ကွက် ဆံတိုက်ကွက်သစ် ရထားလမ်းပိုင်းနေရာတွင် ရထားကြိတ်ခံရ ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

ယမန်နေ့ ဇူလိုင် ၂၉ ရက်နေ့၊ ညနေ ၈ နာရီအချိန်ခန့်က ရထားလမ်းမိုင်တိုင် အမှတ် ၁၅၉/၁၆ နှင့် ၁၇ ကြားနေရာတွင် ရထားကြိတ်ခံရပြီး ဒဏ်ရာများဖြင့် သတိလစ်နေသည့် အမျိုးသားတစ်ဦးကို ဒေသခံ များက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အမျိုးသားက အသက် ၄၄ နှစ်အရွယ်ရှိ အောင်ထွန်းလေး (ခေါ်) ဦးရွှေဘဖြစ်ပြီး ဝဲဘက် ခေါင်းပိုင်းကြေမွဒဏ်ရာ၊ ခြေသလုံးနှစ်ဖက်ကြမွဒဏ်ရာ၊ ဝဲယာလက်ပြတ်ဒဏ်ရာများ ရရှိထားသည်ဟု ပေါင်မြို့နယ်မှ “ဘစိုး” နာရေးကူညီရေးအသင်း တာဝန်ရှိသူက ပြောသည်။

“သူ့ကို မော်လမြိုင်ဆေးရုံ ပို့နေတုန်းအချိန်မှာပဲ ဆုံးသွားပါတယ်။ ဘယ်လိုဖြစ်လို့ ကြိတ်ခံရတာလဲတော့ မသိသေးဘူး” ဟု ပြောသည်။

၎င်းကို တိုက်မိသည့် ရထားသည် ခရီးသည်တင်ရထားမဟုတ်ဘဲ အမှတ် ၆၈၇ ကျောက်တင်ရထား ဖြစ်ကြောင်းနှင့် ပေါင်ဘူတာရုံမှ မုတ္တမဘက်သို့ ဖြတ်သန်းသွားလာစဉ် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလလယ်ခန့်ကလည်း ပေါင်မြို့နယ်၊ ဖြူဘကျေးရွာအနီးရှိ ရန်ကုန်-မော်လမြိုင် ရထားလမ်းပေါ်တွင် အသက် ၄၅ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက သံလမ်း ၂ ခုကြားတွင် ရထားကြိတ်ခံရပြီး ဒဏ်ရာများဖြင့် သေဆုံးနေသည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

ပေါင်မြို့နယ်နှင့် သထုံမြို့နယ်တွင် မူးယစ်ရူးမှုးပြီး ရထားလမ်းပေါ်တွင် တက်အိမ်ရင်း ရထားကြိတ်ခံရသည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေသလို တရားမဝင် ရထားလမ်းဖြတ်ကူးသည့်နေရာလည်း များပြားနေခြင်းကြောင့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် တိုက်မိသည့် ဖြစ်စဉ်များလည်း နှစ်စဉ် ဖြစ်ပွားနေကြောင်း သိရသည်။

ဓါတ်ပုံ – ဘစိုး လူမှုကယ်ဆယ်ရေးအသင်း (ပေါင်မြို့)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts