Homeသတင်းနိုင်ငံရေးစေ့စပ်ညှိနှိုင်းမှုအတွက် စစ်အုပ်စုတွင် စစ်မှန်သည့် ကတိကဝက်သက်သေမရှိဟု SCEF ထုတ်ပြန်

နိုင်ငံရေးစေ့စပ်ညှိနှိုင်းမှုအတွက် စစ်အုပ်စုတွင် စစ်မှန်သည့် ကတိကဝက်သက်သေမရှိဟု SCEF ထုတ်ပြန်

-

စစ်အုပ်စု၏ လူသိရှင်ကြား တွေ့ဆုံဆွေးနွေးရေးအတွက် ဖိတ်ခေါ်မှုတွင် ၎င်းတို့ကိုယ်တိုင် နိုင်ငံရေးစေ့စပ်ညှိနှိုင်းမှုအတွက် စစ်မှန်သည့် ကတိကဝက် သက်သေမရှိဟု ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ SCEF က ယမန်‌နေ့ ဇူလိုင်လ ၁၅ ရက်နေ့က ထုတ်ပြန်သည်။ 

SCEF အဖွဲ့ဝင်များဖြစ်ကြသည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီပြည်၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့သည် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ဥက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး၏ ဖိတ်ကြားချက်နှင့် ထိုင်းတော်ဝင်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဇူလိုင် ၁၃ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့အပြီး ယခုလို ထုတ်ပြန်လာခြင်းဖြစ်သသည်။ 

SCEF အဖွဲ့ဝင်များသည် စစ်အုပ်စုကိုယ်စားလှယ်များနှင့်အတူ ASEAN ကို တွေ့ဆုံခဲ့ခြင်းမဟုတ်ဘဲ သီးသန့် ASEAN နှင့် တွေ့ဆုံခြင်းဖြစ်ပြီး၊ တွေ့ဆုံမှု၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေ၊ ASEAN ဘုံသဘောတူညီချက် (၅) ချက်အကောင်အထည်ဖော်ရေး ကြိုးပမ်းမှုများနှင့် ယုံကြည်စိတ်ချရသော ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်အတွက် မရှိမဖြစ် လိုအပ်သော အခြေအနေများအပေါ် ဆွေးနွေးရန်ဖြစ်သည်ဟု ဆိုသည်။ 

ထုတ်ပြန်ချက်တွင် စစ်အုပ်စုက အရပ်သားများအပေါ် ကန့်သတ်ချက်မထားဘဲ တိုက်ခိုက်နေပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို ဖိတ်ခေါ်ခြင်းသည် အဓိပ္ပါယ်ပြည့်ဝသော တွေ့ဆုံဆွေးနွေးမှု မဖြစ်နိုင်ကြောင်း အဓိပ္ပါယ်ပြည့်ဝသော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုအတွက် ယုံကြည်မှုလိုအပ်ပြီး ယုံကြည်မှုအတွက် လက်တွေ့ကျသော ဆောင်ရွက်ချက်များ လိုအပ်သည်ဟု ပါရှိသည်။   

မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာဘဲ သီးသန့် မရှိတော့ဘဲ တိုင်းပြည်၏ နေရာအများအပြားတွင် အုပ်ချုပ်ရေးကို ပြည်နယ်/ယူနစ်အခြေခံဖြင့် ဆောင်ရွက်နေကြသလို ဒေသကိုယ်စားပြုအာဏာပိုင်များက နယ်မြေအတွင်းအုပ်ချုပ်ရေး၊ ပြည်သူ့လုံခြုံရေး၊ တရားစီရင်ရေး၊ ပြည်သူ့ဝန်ဆောင်မှုများနှင့် ၎င်းတို့ သက်ဆိုင်ရာပြည်သူများ၏ နိုင်ငံရေးဆန္ဒများကို ကိုယ်စားပြု၍ ဆောင်ရွက်နေကြပြီဖြစ်ကြောင်း ဆိုသည်။

အာဆီယံအနေဖြင့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ရမည်ဖြစ်ပြီး၊ မြန်မာပြည်သူများ လက်ရှိခံစားနေရသော ဒုက္ခဆင်းရဲများအတွက် တာဝန်ရှိသည့် စစ်အုပ်စုအား တရားဝင်မှု ပေးရမည် မဟုတ်‌ကြောင်း Justice For Myanmar က ဇူလိုင် ၁၅ ရက်က ထုတ်ပြန်ထားသည်။

လက်ရှိ အာဏာသိမ်းစစ်အစိုးရသည် တရားမဝင်ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး အစိုးရတစ်ရပ်ပုံစံဖွဲ့စည်း လာနိုင်ခြင်းကြောင်း အာဆီယံက ဆက်ဆံလာသော်လည်း စစ်အုပ်စုမှာ ပြည်သူလူထု၏ ထောက်ခံမှုကို လုံးဝရရှိမှာ မဟုတ်ကြောင်း မြန်မာနိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောသည်။

“အခု စစ်တပ် ရွေးကောက်ပွဲ လုပ်လိုက်ပြီးတော့ သူက ဘာပဲဖြစ်ဖြစ် အစိုးရအသစ် ဖွဲ့လိုက်နိုင်တဲ့ အခါကျတော့ အာဆီယံတို့ ဘာတို့ ဆိုတာက ဒီ တည်ရှိနေတဲ့ de facto government ခေါ်တာပေါ့ဗျာ။ တည်ရှိနေတဲ့ အစိုးရနဲ့ပဲ ဆက်ဆံရတဲ့ အဖွဲ့အစည်း ဖြစ်တာကိုး။ တစ်စုံတစ်ရာ ပြန်ပြီး ဆက်ဆံတာမျိုးတော့ ရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒီအစိုးရမှာနော် အင်မတန် အရေးကြီးတဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှုက ဘယ်လိုမှ မရနိုင်ပါဘူး။ အဲလို မရနိုင်သရွေ့ ဗမာပြည်ရဲ့ စီးပွားရေးကြီးကို ကောင်းလာအောင်လည်း မလုပ်နိုင်ဘူး။ ပြည်သူလူထုရဲ့ ဆန့်ကျင်မှုကိုလည်း ကြာလေ ခံရလေပဲ ဖြစ်စရာရှိမယ်“ ဟု ပြောသည်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်လာပြီး ပကတိအရှိတရားများက တိုင်းပြည်၏ နိုင်ငံရေးအခင်းအကျင်းကို အခြေခံအားဖြင့် ပြောင်းလဲသွားပြီဖြစ်ကြောင်း SCEF က ဆိုသည်။

ယခင် ယူဆချက်များကို အခြေခံ၍တည်ဆောက်သော နိုင်ငံရေးအစီအမံများသည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးနိုင်မည် မဟုတ်ဘဲ အချိန်မတန်မီ နိုင်ငံရေးပုံမှန်ပြန်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်မှုသည် လက်ရှိကွဲပြားနေသော နိုင်ငံရေးအခြေအနေများကို ပို၍ ဆိုးဝါးစေမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်အာဏာသိမ်းမှုကြောင့် ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက စစ်အုပ်စုကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြပြီး မြို့အများအပြားကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကာ အုပ်ချုပ်ရေးယန္တယားများ လည်ပတ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts