Homeသတင်း၂၀၂၆ ခုနှစ် ၄ လအတွင်း မြန်မာနိုင်ငံသား ခုနှစ်သိန်းနီးပါး ထိုင်းနိုင်ငံသို့ ရောက်ရှိနေ

၂၀၂၆ ခုနှစ် ၄ လအတွင်း မြန်မာနိုင်ငံသား ခုနှစ်သိန်းနီးပါး ထိုင်းနိုင်ငံသို့ ရောက်ရှိနေ

-

ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (⁠IOM) ၏ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ၄ လအတွင်း မြန်မာနိုင်ငံသား ၆၈၇,၀၀၀ ခန့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်နေထိုင်နေကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသားများသည် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ခရိုင်ကြီး (၄)ခု ဖြစ်သည့် တာ့ခ်၊ ရနောင်း၊ ကန်ချနဘူရီနှင့် ချင်းရိုင် နယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်ဟု ဖော်ပြထားသည်။

ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းဝင်ရောက်မှုသည် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခများ၊ စစ်မှုထမ်းဥပဒေ၏ ဖိအားများနှင့် စီးပွားရေးအကျပ်အတည်းများ ပိုမိုဆိုးရွားလာခြင်းကြောင့် ဘေးကင်းလုံခြုံမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းသစ်များကို ရှာဖွေရန် အဓိက ရည်ရွယ်၍ ဝင်ရောက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

IOM မှ ဝင်ရောက်လာသူ ၃,၅၀၄ ဦးထံ စစ်တမ်းကောက်ယူရာတွင် ၄၁ ရာခိုင်နှုန်းသည် တရားဝင် အထောက်အထားစာရွက်စာတမ်း မရှိသူများကို ဖြစ်နေသည်ကို တွေ့ရှိရကြောင်းဆိုသည်။

လက်ရှိတွင် ထိုင်းနိုင်ငံတစ်ဝန်း၌ အခြေချနေထိုင်လျက်ရှိသော မြန်မာနိုင်ငံသားဦးရေ စုစုပေါင်း ၄ သန်းခန့်အထိ ရှိပြီး အများစုသည် ဘန်ကောက်၊ မဟာချိုင် (စမွတ်စာခွန်)၊ ချင်းမိုင်နှင့် နယ်စပ်ခရိုင်ကြီးများရှိ စက်ရုံများနှင့် လုပ်ငန်းခွင်များတွင် နေထိုင်လုပ်ကိုင်နေကြသည်။

၎င်းအပြင် ထိုင်းနိုင်ငံ၏ တက္ကသိုလ်များတွင် ပညာသင်ယူနေသူ မြန်မာမှကျောင်းသားများ ၆ ဆ ခန့်မြင့်တက်လာပြီး ပုံမှန် တစ်နှစ်လျှင် ကျောင်းသားဦးရေ ၃၀၀၀ ဝန်းကျင်မှ ၂၀၂၅ ခုနှစ်တွင် ၁၇၀၀၀ ကျော်အထိ ရှိလာခဲ့ကြောင်း ဖော်ပြထားသည်။

လုပ်ငန်းရှင်များနှင့် သုတေသနအဖွဲ့များ၏ လေ့လာချက်အရ ထိုင်းရောက်မြန်မာနိုင်ငံသားများသည် တစ်နှစ် ဘတ် ၂၂၁ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၆.၇ ဘီလီယံခန့်) သုံးစွဲနေကြသဖြင့် ထိုင်းနိုင်ငံ၏ ကုန်ထုတ်လုပ်မှုနှင့် ပြည်တွင်းစီးပွားရေးကို ကြီးမားစွာ လည်ပတ်စေသည်ဟုလည်း အဆိုပါ သုသေသနအဖွဲ့မှ ထောက်ပြထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts