Homeသတင်းမော်လမြိုင်တွင် လေပြင်းတိုက်ခတ်ပြီး နေအိမ် ၁၅ လုံး ထိခိုက်ပျက်စီး

မော်လမြိုင်တွင် လေပြင်းတိုက်ခတ်ပြီး နေအိမ် ၁၅ လုံး ထိခိုက်ပျက်စီး

-

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်ရပ်ကွက်တွင် ယနေ့ ဇူလိုင်လ ၆ ရက်နေ့တွင် လေပြင်းတိုက်ခတ်ပြီး ဟိန္ဒူဘုရားကျောင်းနှင့် နေအိမ် ၁၅ လုံး ထိခိုက်ပျက်စီးမှု ရှိကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

ယနေ့ နံနက် ၄ နာရီခွဲဝန်းကျင်ခန့်တွင် ညောင်ပင်ဆိပ်ရပ်ကွက်၊ ဘုရားကုန်းရပ်ကွက်အတွင်း လေပြင်းတိုက်ခတ်ခဲ့သည်။

လေပြင်းတိုက်ခတ်မှုကြောင့် ဘုရားကုန်းရပ်ကွက်အတွင်းရှိ ဟိန္ဒူဘုရားကျောင်းတစ်လုံးနှင့် နေအိမ် ၁၅ လုံးခန့် အမိုးလန်ပြီး ထိခိုက်ပျက်စီးသွားသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

“ညောင်ပင်ဆိပ် ဘုရားကုန်းမှာ ဒီမနက် ၄ နာရီခွဲလောက် လေပြင်းတိုက်သွားတယ်။ အိမ် ၁၅ လုံးလောက် ထိသွားတယ်။ အမိုးတွေ အကုန်လန်သွားတဲ့အိမ်တွေလည်း ရှိတယ်။ သစ်ပင်တွေ ပြိုလဲတာတွေလည်း ရှိပါတယ်” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျခြင်းများလည်း ဖြစ်ပွားခဲ့ကြောင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ထိခိုက်ပျက်စီးမှုရှိသော်လည်း လူထိခိုက်မှု မရှိကြောင်းလည်း ဆိုသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ညောင်ပင်ဆိတ်ရပ်ကွက်က ထိခိုက်ပျက်စီးမှုများကို မီးသတ်၊ လူမှုကယ်ဆယ်ရေးအဖွဲ့တို့က ရှင်းလင်းလျက်ရှိသည်။

ယမန်‌နေ့ ဇူလိုင်လ ၅ ရက်နေ့ညကလည်း ပေါင်မြို့၊ ကဒါရပ်ကွက်အတွင်း လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်ပြီး ဘုန်းကြီးကျောင်း၊ ဌာနဆိုင်ရာအဆောက်အဦးအပါအဝင် နေအိမ် အလုံး ၇၀ ကျော် ထိခိုက်ပျက်ဆီးမှု ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

မွန်ပြည်နယ်တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ယနေ့ ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts