Homeသတင်းတရားမဝင် ဝင်ရောက်နေသည့် မြန်မာနိုင်ငံသား ၄ ဦးကို စံခလပူရီတွင် ထပ်မံဖမ်းဆီးရမိ

တရားမဝင် ဝင်ရောက်နေသည့် မြန်မာနိုင်ငံသား ၄ ဦးကို စံခလပူရီတွင် ထပ်မံဖမ်းဆီးရမိ

-

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလပူရီတွင် ခွင့်ပြုချက်မရှိဘဲ တရားမဝင် ဝင်ရောက်နေထိုင်နေသည့် မြန်မာနိုင်ငံသား ၄ ဦးကို ထိုင်းအာဏာပိုင်များက ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကန်ချနဘူရီ ရဲတပ်ဖွဲ့မှူးရုံးနှင့် စံခလဘူရီ ရဲစခန်းတာဝန်ရှိသူများ ပါဝင်သည့် လုံခြုံရေးပူးပေါင်းအဖွဲ့သည် ယမန်နေ့ (ဇူလိုင် ၁ ရက်) နံနက် ၇ နာရီခွဲခန့်တွင်  နောင်လူးကျေးရွာအုပ်စု (မို ၈) ရှိ နေအိမ်သုံးလုံးအနီး၌ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။

ထိုသို့ စစ်ဆေးမှုလုပ်ဆောင်စဉ် လမ်းဘေး၌ ထိုင်နေသည့် မသင်္ကာဖွယ် အမျိုးသားတစ်စုကို တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ တရားမဝင်ဝင်ရောက်နေထိုင်နေသည့် မြန်မာနိုင်ငံသားများးဖြစ်ကြောင်း သိရှိခဲ့ရသည်။

အဆိုပါ မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိသည့်အပြင် ထိုင်းဘာသာစကားကိုလည်း ပြောဆိုနားလည်နိုင်ခြင်း မရှိသဖြင့် စကားပြန်ဖြင့် မေးမြန်းခဲ့ရသည်။

စစ်ဆေးမေးမြန်းချက်များအရ ၎င်းတို့သည် ထိုင်းနိုင်ငံအတွင်း လာရောက်အလုပ်လုပ်ကိုင်ခဲ့ကြသူများဖြစ်ပြီး ယခုအခါ မြန်မာနိုင်ငံသို့ ပြန်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုထားသည်။

၎င်းတို့ကို လူတစ်ဦးက အဆိုပါနေရာတွင် လာရောက်ပို့ဆောင်ကာ စောင့်ဆိုင်းခိုင်းထားစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

လက်ရှိတွင် ရဲအရာရှိများ တရားမဝင် ဝင်ရောက်နေထိုင်မှုဖြင့်  မြန်မာနိုင်ငံသား ၄ ဦးကို စုံစမ်းစစ်ဆေးရေးမှူးများထံ လွှဲပြောင်းကာ ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့ ညပိုင်းတွင်လည်း စံခလပူရီတွင် ထိုင်းအာဏာပိုင်ဘက်မှ ကြိုတင်သတင်းရရှိချက်အရ ရှာဖွေဖမ်းဆီးမှု လုပ်ဆောင်ခဲ့ရာ တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၈ ဦးကို ဖမ်းဆီးရမိခဲ့သည်။

ကိုးကား-Sangkhlaburi Poilce 

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts