Homeသတင်းအခြေခံပညာကျောင်းတွင် မွန်တိုင်းရင်းသားစာပေကို Grade 5 အထိ တိုးမြှင့်သင်ကြားနိုင်ရေး လွှတ်တော်တွင် အဆိုတင်

အခြေခံပညာကျောင်းတွင် မွန်တိုင်းရင်းသားစာပေကို Grade 5 အထိ တိုးမြှင့်သင်ကြားနိုင်ရေး လွှတ်တော်တွင် အဆိုတင်

-

မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာ မူလတန်းအဆင့်တွင် မွန်တိုင်းရင်းသားစာပေကို Grade 5 အထိ တိုးမြှင့်သင်ကြားနိုင်ရေး ပေါင်မြို့နယ် ကိုယ်စားလှယ်အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် အဆိုတင်သွင်းခဲ့သည်။

ဇွန်လ ၉ ရက်နေ့တွင် ကျင်းပခဲ့သည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပထမနေ့) တွင် ပေါင်မြို့နယ် ကိုယ်စားလှယ်အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစံတင်က ယင်းအဆိုကို တင်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုတင်သွင်းခဲ့သည့် ဦးစံတင်က မူလတန်းအဆင့်၌ တိုင်းရင်းသားစာပေ သင်ကြားနေမှုသည် အခြေခံအဆင့်သာ တက်မြောက်ရန် မဟုတ်ပဲ အပြည့်အဝတက်မြောက်ရန် Grade 3 အထိ သင်ကြားနေရာမှ Grade 5 အထိ တိုးမြှင့် သင်ကြားပေးသင့်သည်ဟု ဆိုသည်။

အဆိုကို တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီဥက္ကဌ၊ ဘီးလင်းမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျာမင်းက လွှတ်တော်တွင် လက်ခံဆွေးနွေးသင့်ကြောင်း ထောက်ခံဆွေးနွေးခဲ့သည်။

ဦးကျော်ဇေယျာမင်း “Grade 5 အထိ တိုးမြှင့်သင်ကြားမှသာလျှင် အပြည့်အဝ တတ်မြောက်မည်ဖြစ်ကြောင်း၊ မွန်တိုင်းရင်းသား စာပေကို ထိန်းသိမ်းရာလည်း ရောက်မည်ဖြစ်သဖြင့် အဆိုကို လွှတ်တော်တွင် လက်ခံ ဆွေးနွေးသင့်ပါကြောင်း” ထောက်ခံဆွေးနွေးခဲ့သည်။

အဆိုကို လွှတ်တော်အစည်းအဝေး တတိယနေ့တွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ပြီး အဆိုအတည်ပြု ဆုံးဖြတ်ပါက မူလတန်းအဆင့် မွန်စာပေးသင်ကြားရေးကို Grade 5 အထိ တိုးမြှင့်သင်ကြားသွားမည်ဖြစ်သည်။

လက်ရှိတွင် အခြေခံပညာ မူလတန်းအဆင့်တွင် မွန်စာပေးသင်ကြားရေးကို Grade 3 အထိသာ သင်ကြားနေပြီး ထိရောက်မှုမရှိဘူးလို့ မွန်စာပေသင်ကြားရေး ဆရာ၊ ဆရာမတို့ထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts