Homeသတင်းအစိုးရက ဆောင်ရွက်နိုင်စွမ်းရှိသည့် အဆို၊ မေးခွန်းများသာ မေးမြန်းကြရန် မွန်လွှတ်တော် ဥက္ကဌ ပြော

အစိုးရက ဆောင်ရွက်နိုင်စွမ်းရှိသည့် အဆို၊ မေးခွန်းများသာ မေးမြန်းကြရန် မွန်လွှတ်တော် ဥက္ကဌ ပြော

-

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အဆိုများ၊ မေးခွန်းများ တင်သွင်း မေးမြန်းရာတွင် ပြည်နယ်အစိုးရက ဆောင်ရွက်နိုင်စွမ်းရှိသည့် အဆို၊ မေးခွန်းများကိုသာ တင်သွင်း မေးမြန်းကြရန်မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးသက်ထွေးက ပြောသည်။

ဇွန်လ ၈ ရက်နေ့တွင် ပြည်နယ်လွှတ်တော်ရုံး၌ ကျင်းပပြုလုပ်ခဲ့သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးတွင် လွှတ်တော် ဥက္ကဌက ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးသက်ထွေးက အဆို၊ မေးခွန်းများ တင်သွင်း မေးမြန်းရာတွင် ကာလံ ဒေသံနှင့် လိုက်လျောညီထွေသည့် ဖြစ်နိုင်ခြေရှိသော အဆို၊ မေးခွန်းများ တင်သွင်း မေးမြန်းရန် ပြောဆိုခဲ့သည်။

၎င်းပြင် လွှတ်တော်နှင့် ပြည်နယ်အစိုးရအဖွဲ့ ပွတ်တိုက်မှု နည်းအောင် နှစ်ဦးနှစ်ဖက် ကိုယ်ချင်းစာတရားဖြင့် ဆောင်ရွက်ရန် လိုကြောင်း၊ လွှတ်တော်အစည်းအဝေး ကျင်းပသည့်အခါ လွှတ်တော်၏ ဂုဏ်သိက္ခာနှင့်အညီ ဆောင်ရွက်နေရခြင်းဖြစ်၍ အပြောအဆို တင်ပြချက်များသည် ပြေပြစ်‌ချောမွေ့ရန်နှင့် ရှင်းလင်းရန် လိုကြောင်းလည်း ပြောသည်။  

လွှတ်တော်၊ အစိုးရ၊ ပြည်သူများအားလုံး မွန်ပြည်နယ်ဖွံ့ဖြိုးတိုးတက်အောင် လက်တွဲ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်သူလူထုက လိုချင်သောအရာနှင့် အစိုးရကလုပ်နိုင်စွမ်းအရာများ balance ဖြစ်အောင် သုံးသပ် တင်ပြဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဦးသက်ထွေးက ပြောဆိုခဲ့သည်။

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို ဇွန်လ ၉ ရက်နေ့တွင် စတင်ကျင်းပနေသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts