Homeသတင်း စံခလပူရီတွင် ၂ ရက်တာပျောက်ဆုံးနေသည့် ၇ နှစ်အရွယ် မွန်မိန်းကလေးငယ်ကို သေဆုံးလျှက်ပြန်တွေ့

 စံခလပူရီတွင် ၂ ရက်တာပျောက်ဆုံးနေသည့် ၇ နှစ်အရွယ် မွန်မိန်းကလေးငယ်ကို သေဆုံးလျှက်ပြန်တွေ့

-

ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ စံခလပူရီ၊ Tikhrong ရွာတွင် ပြီးခဲ့သည့် မေ ၃၀ ရက်နေ့က ပျောက်ဆုံးနေသည့် ရာဘာအစေးခြစ် မွန်ရွှေ့ပြောင်းလုပ်သား မိသားစုမှ အသက် ၇ နှစ်အရွယ် မွန်မိန်းကလေးငယ်တစ်ဦးကို ယနေ့ ဇွန်လ ၁ ရက်နေ့ နံနက် ၁၀း၃၀ ဝန်းကျင်တွင် သေဆုံးလျှက် ပြန်လည်တွေ့ရှိခဲ့ရကြောင်း IMNA သတင်းအရင်းမြစ်များမှ သိရသည်။

မေလ ၃၀ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင်က နေအိမ်မှ မုန့်ဈေးတန်းသို့ ထွက်ခွာသည့်ချိန်မှ ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်နှင့် နီးစပ်သူများမှ သိရသည်။

မိန်းကလေးငယ်ကို ၎င်းနေထိုင်ရာ နေအိမ်နှင့် ၁ ကီလိုမီတာကွာဝေးသည့် စံခလပူရီ၊ ခေါင်းရမ်း ဘုန်းကြီးကျောင်းအနီး ခြံတစ်ခုတွင် ရှာဖွေတွေ့ရှိခဲ့ပြီး အလောင်းတွင် လည်ပင်းပြတ်ရှဒဏ်ရာဖြင့် ပုပ်ပွသေဆုံးနေသည်ကို တွေ့ရှိရကြောင်း မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

အလောင်းအား လာရောက်စွန့်ပစ်ထားသည့် ပုံစံဖြစ်သဖြင့် အလောင်းတွေ့ရှိရာနေရာတွင် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့မှ လိုအပ်သည့်စစ်ဆေးမှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း IMNA သို့ ပြောသည်။

"လောလောဆယ် ဒီအတိုင်းပဲထားထားတယ်။ ဆရာဝန်ကြီးကို စောင့်နေတယ်။ ဆရာဝန်ရောက်မှ လက်ပွေရာစစ်ဆေးမှုတွေ လုပ်ဆောင်မယ်လို့ ကြားတယ်ပေါ့နော်။ ဘာလို့ဆို အလောင်းက လာပြစ်ထားတဲ့ ပုံစံပဲလေ။ အစကတည်းက အဲ့နေရာတစ်ဝိုက်ကို အကြိမ်ကြိမ်ရှာနေတာ မတွေ့ဘဲနဲ့ အခုမှတွေ့တယ်ဆိုတော့"ဟု မိသားစုနှင့် နီးစပ်သူက ဆိုသည်။

၎င်းအပြင် မိန်းကလေးငယ်၏ နေအိမ်အနီး နေထိုင်သည့် အသက် ၃၅ နှစ်အရွယ် သံသယရှိဖွယ် အမျိုးသားတစ်ဦးကို သက်ဆိုင်ရာမှ ခေါ်ယူစစ်ဆေးမှုများ လုပ်ဆောင်နေပြီး ကနဦး စစ်ဆေးချက်များအရ အဆိုပါအမျိုးသားထံ မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိထားကြောင်းလည်း ဆက်ပြောသည်။

လူပျောက်ရှာဖွေမှုများကို ခရိုင် အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ စစ်သား၊ ရဲ၊ နယ်ခြားလှည့်ကင်း၊ စေတနာ့ဝန်ထမ်း၊ လူဝင်မှုကြီးကြပ်ရေး အရာရှိများ၊ Khao Laem National Park မှ တာဝန်ရှိသူများ၊ တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းရေးဖောင်ဒေးရှင်း နှင့် ရွာသူရွာသားများ အပါအဝင် လူပေါင်း (၁၀၀)ကျော်သည် ရွာအနီးတစ်ဝိုက် ခြေကျင်လျှောက်၍ ရှာဖွေမှု လုပ်ဆောင်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts