Homeသတင်းကမာဝက်မြို့တွင် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

ကမာဝက်မြို့တွင် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

-

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ ဂုံညှင်းတန်းရပ်ကွက်တွင် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရပြီး သေဆုံးသွားသည်ဟု ဒေသသတင်းအရင်းအမြစ်များအရ သိရသည်။

မေလ ၂၅ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန်ခန့်က ပြည်သူ့စစ်အဖွဲ့ဝင်ဖြစ်သည့် ဦးကျော်မင်းသည် ဂုံညှင်းရပ်ကွက်ရှိ နေအိမ်တွင် ရှိနေစဉ် အမည်မသိလက်နက်ကိုင်အဖွဲ့ဝင်နှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။

ပစ်သတ်ခံရမှုကြောင့် အသက် ၅၀ ဝန်းကျင်အရွယ်ရှိသော ဦးကျော်မင်းသည် ရင်ဘတ်တွင် ကျည်ဖောက်ဝင်ဒဏ်ရာရရှိပြီး ကမာဝက်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေစဉ် သေဆုံး သွားသည်ဟု သိရသည်။

“သူကတော့ ရပ်ကွက်၊ ရွာတွေကြားမှာ ဒေသခံဆီကနေ ပိုက်ဆံအဓမ္မလိုက်တောင်းနေတယ်လို့ ကြားတယ်။ ပြည်သူ့စစ်အဖွဲ့ဝင် ဆိုတော့လည်း စစ်တပ်နဲ့ပေါင်းပြီး ဒေသခံတွေအပေါ် ဆိုးနေတာပေါ့လေ”ဟု မြို့ခံတစ်ဦးက ပြောသည်။

ပြည်သူ့စစ်အဖွဲ့ဝင် ဦးကျော်မင်း ပစ်သတ်ခံရပြီးနောက် ကမာဝက်မြို့သို့ စစ်အာဏာရှင်တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ခဲ့သေးသည်ဟု သိရသည်။

သေဆုံးသွားသည့် ဦးကျော်မင်းသည် စစ်ကော်မရှင်တပ်တို့ အာဏာမသိမ်းခင်ကတည်းကပင် မြို့နယ်တာဝန်ရှိသူတို့နှင့် ပူးပေါင်းကာ ကျေးရွာပြည်သူ့စစ်အဖြစ် နှစ်နှင့်ချီ တာဝန်ထမ်းဆောင်နေသူ ဖြစ်ကြောင်း သိရသည်။

ဦးကျော်မင်းကို မည်သည့်အကြောင်းကြောင့် အမည်အသိလက်နက်ကိုင်အဖွဲ့တို့က လာရောက်ပစ်ခတ်ခဲ့သည်ကို လွတ်လပ်သောမွန်သတင်းအေဂျင်စီအနေဖြင့် ဆက်လက်အတည်ပြုနေဆဲ ဖြစ်သည်။ 

မွန်ပြည်နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကော်မရှင်လက်အောက်ခံဝန်ထမ်းများ၊ ရပ်၊ကျေးအုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ ဒလန်များ မကြာခဏပစ်သတ်ခံရလေ့ရှိကြောင်း သတင်းအရင်အမြစ်များအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts