Homeသတင်းလမိုင်းမြို့တွင် ဒုတပ်ရင်းမှူး ပစ်သတ်ခံရပြီးနောက် စစ်ဆေးများ တင်းကြပ်

လမိုင်းမြို့တွင် ဒုတပ်ရင်းမှူး ပစ်သတ်ခံရပြီးနောက် စစ်ဆေးများ တင်းကြပ်

-

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့တွင် ခလရ ၁၀၆ ဒုတပ်ရင်းမှူး ပစ်သတ်ခံရပြီးနောက် စစ်ကော်မရှင်တပ်က စစ်ဆေးမှုများ တင်းကြပ်လာသည်ဟု မြိုခံတို့ထံမှ သိရသည်။

ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့ ညနေက မော့ကနင်အခြေစိုက် ခလရ ၁၀၆ တပ်ရင်းက ဒုတင်ရင်းမှူး ထွန်းရာကျော်ကို ဒေသတွင်းလှုပ်ရှားနေသည့် ရေးဘီလူးအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး သေဆုံးသွားခဲ့သည်။

ထိုဒုတပ်ရင်းမှူး ပစ်သတ်ခံရပြီးနောက် မေလ ၁၂ ရက်နေ့မှစကာ လမိုင်းမြို့ပေါ်အနှံ့နှင့် မြို့အဝင်အထွက်နေရာများကို စစ်ကော်မရှင်တပ်တို့က စစ်ဆေးမှုများ ပိုမိုတင်းကြပ်ထားသည်ဟု ဒေသခံတို့ထံမှ သိရသည်။

“မြို့ပေါ်မှာလည်း စစ်တယ်။ မြို့အဝင်အထွက်လိုနေရာတွေမှာလည်း စစ်သားတွေက စောင့်နေပြီးတော့ လမ်းသွား လမ်းလာတွေကို စစ်တယ်။ အဲဒီဒုတပ်ရင်းမှူးလား ဘာလား ပစ်ခတ်ခံရပြီးတော့မှ ဒီစစ်ဆေးမှုတွေက ရှိလာတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကော်မရှင်တပ်တို့မှ ထိုကဲ့သို့သော စစ်ဆေးမှုများ ပြုလုပ်နေသည့်အတွက် ဒေသခံများ ဖမ်းဆီးခံရမည်ကို စိုးရိမ်နေကြပြီး အသွားအလာလည်း သတိထား သွားလာနေကြရသည်ဟု ဆိုသည်။

“အစစ်အဆေးတွေရှိနေတာ့ ဖမ်းခံထိမှာ ကြောက်တယ်လေ။ ဘာမှမသိပဲနဲ့ ကိုယ့်ကို စွပ်စွဲပြီး ဖမ်းသွားမှာလည်း စိုးရိမ်ရတယ်” ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ်ကလည်း လမိုင်းမြို့၊ မြို့မ (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံခဲ့ရပြီး ထိုဖြစ်စဉ်နှင့် ပတ်သက်ကာ ဒေသခံ လူငယ် ၁၀ ဦးထက်မနည်းကို စစ်ကော်မရှင်တပ်တို့က ဖမ်းဆီးခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts