Homeသတင်းမော့ကနင်အခြေစိုက် ခလရ (၁၀၆) မှ ဒုတပ်ရင်းမှုးကို ရေးဘီလူးအဖွဲ့မှ ပစ်ခတ်ရှင်းလင်း

မော့ကနင်အခြေစိုက် ခလရ (၁၀၆) မှ ဒုတပ်ရင်းမှုးကို ရေးဘီလူးအဖွဲ့မှ ပစ်ခတ်ရှင်းလင်း

-

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်အခြေစိုက် ခလရ (၁၀၆) တပ်ရင်းမှ ဒုတပ်ရင်းမှူးတစ်ဦး ယမန်နေ့တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ရကြောင်း ရေးဘီလူးမှ ထုတ်ပြန်ပြောဆိုချက်အရ သိရသည်။

ဖြစ်စဉ်မှာ ဒုတပ်ရင်းမှူး ထွန်းရာကျော်ဆိုသူသည် ယမန်နေ့ မေလ ၁၁ ရက်နေ့ ညနေ ၆ နာရီခွဲဝန်းကျင်အချိန်တွင် ၎င်း၏ သက်တော်စောင့် ၃ ဦးနှင့်အတူ လမိုင်းမြို့သို့ ဈေးဝယ်ထွက်စဉ် ဒေသတွင်းအခြေစိုက် ရေးဘီလူးအဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ရေးဘီလူးခေါင်းဆောင်က “သူကတော့ ကားနဲ့လာတာ၊ ဒုတပ်ရင်းမှူးဆိုတော့လေ သူ့ရဲ့ BA သုံးယောက်ပါတယ်။ အဲ့ဒီ BA သုံးယောက်က ဈေးဆင်းဝယ်တဲ့အချိန်၊ သူက ကားပေါ်မှာ ဖုန်းပြောနေတဲ့အချိန် ကျနော်တို့က မစ်ရှင်အနေနဲ့ ဝင်ပစ်တာ”ဟု ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားရာနေရာသည် လမိုင်းမြို့ရဲစခန်းအနီး မီတာ(၁၀၀) အကွာတွင် ဖြစ်ပွားခဲ့သည်ဟုလည်း ရေးဘီလူးမှ ပြောသည်။

အဆိုပါ ဒုတပ်ရင်းမှူးထွန်းရာကျော်သည် သေနတ်ဒဏ်ရာ ၅ ချက် ရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ကုသစဉ် သေဆုံးသွားကြောင်း သိရသည်။

ဒေသခံများ၏ ပြောပြချက်အရ ယခင်က လမိုင်းဒေသခံတစ်ဦး ဒုတပ်ရင်းမှူးထွန်းရာကျော်ထံ ရိုက်နှက်ခဲ့ရသူများရှိသလို အနိုင်ကျင့် ခံရသူများလည်း ရှိခဲ့ကြောင်း ဆိုသည်။

ရေးဘီလူးအဖွဲ့မှ ပြီးခဲ့သည့် ဧပြီလတွင် ချောင်းတောင်ကျေးရွာ၊ မြစ်ကူးတံတားပေါ်တွင် အမည်ဆိုးဖြင့် ကျော်ကြားနေသူ ပျူစောထီးတစ်ဦး၊ စစ်ကော်မရှင်နှင့် ပူးပေါင်းနေသည့် DKBA ခေါင်းဆောင်တစ်ဦးကို ပစ်ခတ်ရှင်းလင်းမှု လုပ်ဆောင်ခဲ့သေးသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts