Homeသတင်းဘီးလင်းတွင် လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုကြောင့် နေအိမ်အများအပြား ထိခိုက်ပျက်စီး

ဘီးလင်းတွင် လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုကြောင့် နေအိမ်အများအပြား ထိခိုက်ပျက်စီး

-

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း စစ်ကော်မရှင်တပ်၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူနေအိမ်အများအပြား ထိခိုက်ပျက်စီးမှုရှိသည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်ထံမှ သိရသည်။

စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ၊ ပါရာမော်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက် ပြုလုပ်ခဲ့ခြင်းကြောင့် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားနေအိမ်များ၊ ဘာသာရေးနှင့် ပညာရေးအဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၁၉၊ ၂၂၊ ၂၃၊ ၂၅ ရက်နေ့များအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ရွာ၊ ဝင်းတာပန်အထက်ရွာနှင့် ကျောက်ဖျာရွာနှင့် အနီးနားရွာတို့မှ နေအိမ် ၂၇ လုံးအပြင် စာသင်ကျောင်း၊ ဓမ္မာရုံ၊ စက်သုံးဆီအရောင်းဆိုင်နှင့် သင်္ချိုင်းကုန်းဇရပ်တို့ ထိခိုက်ပျက်စီးခဲ့ရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် နွား ၅ ကောင် သေဆုံးသွားခဲ့သည့်အပြင် ပြည်သူ့လုပ်ငန်းခွင်များလည်း ထိခိုက်ပျက်စီးမှု ရှိခဲ့သည်။

၎င်းပြင် ဧပြီလ ၂၇၊ ၂၈ ရက်နေ့တွင်လည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုအပြင် စစ်ကူစစ်ကြောင်းများ ဝင်းတာပန်ရွာထဲ ဝင်ရောက်ပြီး အရပ်သားပြည်သူ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သလို ပါရာမော်တာဖြင့် တိုက်ခိုက်မှုကြောင့် နေအိမ်အများအပြား မီးလောင်ပျက်စီးမှု ရှိခဲ့ကြောင်း KNU သထုံခရိုင်က ထုတ်ပြန်ထားသည်။

စစ်ကော်မရှင်တပ်က တိုက်ပွဲဖြစ်ပွားခြင်းနှင့် မသက်ဆိုင်သည့် အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများနှင့် လုပ်ငန်းခွင်များကို ပစ်မှတ်ထား တိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်နေသည်ဟုလည်း KNU သထုံခရိုင်က ထုတ်ပြန်ထားသည်။

ပုံစာ – စစ်တပ် တိုက်ခိုက်မှုကြောင့် ဘီးလင်းမြို့နယ်အတွင်းက လူနေအိမ်ထိခိုက်မှုအခြေအနေ 

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts