Homeသတင်းထိုင်းအစိုးရ၏ နေထိုင်ခွင့်စစ်ဆေးမှုများအတွင်း မြန်မာလုပ်သားများ ဆက်တိုက်ဖမ်းဆီးခံရမှုရှိနေ

ထိုင်းအစိုးရ၏ နေထိုင်ခွင့်စစ်ဆေးမှုများအတွင်း မြန်မာလုပ်သားများ ဆက်တိုက်ဖမ်းဆီးခံရမှုရှိနေ

-

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားများအား ဥပဒေနှင့်အညီ နေထိုင်ခွင့်ရှိမရှိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆေးသွားမည်ဟု ထုတ်ပြန်ပြီးနောက် မြန်မာလုပ်သားများ ဆက်တိုက်ဖမ်းဆီးခံနေရကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူထံမှ သိရသည်။

ဧပြီ ၆ ရက်နေ့၌ ချွန်ပူရီတွင် တရုတ်နိုင်ငံသားနှင့်မြန်မာနိုင်ငံသားစုစုပေါင်း ၁၅၀ ဦးခန့် ဖမ်းဆီးခံရသည့်အပြင် အဆိုပါ ဖမ်းဆီးခံထားရသည့် မြန်မာလုပ်သားများအား အကူအညီပေးရန် ကျန်ရစ်သူမိသားစုဝင်များက ရွှေ့ပြောင်လုပ်သား ကူညီရေးအဖွဲ့ WAG ထံ နေ့စဉ် လူနှစ်ဆယ်ဦးထက်မနည်း ဆက်သွယ် အကူအညီတောင်းခံနေကြောင်း WAG မှ သိရသည်။

လက်ရှိဖမ်းဆီးခံထားရသည့်မြန်မာလုပ်သမားများကို သတ်မှတ်ထားသည့်ထိုင်းနိုင်ငံဥပဒေအရ ထောင်ဒဏ်၊ ငွေဒဏ်ထက် နေရပ်သို့ပြန်ပို့ခံရသူများနေကြောင်းလည်း WAG မှတာဝန်ရှိသူ ကိုမုန်းတိုင်းက ဆိုသည်။

တရားဝင်လုပ်သမားဖြစ်ကြောင်း သက်သေမပြနိုင်သည့် ယခုနှစ်မှ work permit လုပ်ဆောင်ထားသူ၊ work permit သက်တမ်းကုန်နေသူ၊ အစာရွက်စာတမ်းမပြည်စုံသူများက  ထိုင်းအစိုးရမှ အတင်းအကြပ် စစ်ဆေးမှုလုပ်ဆောင်နေစဉ် အထူးသတိပြုသွားလာရန်လိုအပ်ကြောင်း မြန်မာလုပ်သားအရေးဆောင်ရွက်နေသူ ဦးအောင်ကျော်က ဆိုသည်။

“မိမိကိုယ်မိမိ စာရွက်စာတမ်းကိုင်ဆောင်ထားခြင်းသည် ပြီးပြည့်စုံမှုရှိ၊ မရှိကိုသေချာသုံးသပ်ပါ။ မပြည့်စုံဘူးဆိုရင် အသွားအလာဆင်ခြင်သုံးသပ်ပါ။ ဘာလို့လဲဆိုတော့ သူ့ရဲ့ထုတ်ပြန်ချက်မှာ တစ်နိုင်ငံလုံးအတိုင်းတာနဲ့ ပိုက်စိပ်စစ်ဆေးမယ်။ ကိုယ်မိသွားရင် နေရပ်ပြန်ပို့ခံရမယ်။ အဲ့ကြောင့် အထူးနဲ့ သွားတာ၊ လာတာ၊ နေတာ၊ စားတာအားလုံးက သတိနဲ့ နေထိုင်ကြဖို့ကို တိုက်တွန်းချင်ပါတယ်။” ဟု ဆိုသည်။

စစ်ဆေးရေးလုပ်ငန်းများကို အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (DOE) အပြင် လုံခြုံရေးတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး ဆောင်ရွက်သွားနေခြင်းဖြစ်သည်။

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ဖမ်းဆီးခံရမှု လျော့နည်းစေရန်အတွက် နှောင့်နှေးကြန့်ကြာနေသည့် ထိုင်းအစိုးရ၏ Work Permit ထုတ်ပေးရေးလုပ်ငန်းစဉ်များကို အမြန်ဆောင်ရွက်ပေးရန် မြန်မာအလုပ်သမားအရေး ဆောင်ရွက်သူများက ထိုင်းအစိုးရထံတင်ပြထားသည်ဟု ဦးအောင်ကျော်က ဆက်ပြောသည်။

“လုပ်ငန်းစဉ် process တစ်ခုကို လနဲ့ချီကြာအောင် သူတို့လုပ်လိုက်တယ်။ ဥပမာ work permit card ထုတ်မဲ့ဟာကို ရက်ချိန်းယူတဲ့အခါမှာလည်း လနဲ့ချီကြာတယ်။ ဆိုတော့ ဒီလုပ်သားက စာရွက်စာတမ်းလုပ်ထားတာက တစ်နှစ်ပြည့်တော့မယ်။ စာရွက်စာတမ်းပြီးပြည့်စုံတဲ့လုပ်သားဖြစ်ပြီးလားဆိုရင်လည်း မဖြစ်ဘူး။ ဒီစနစ်ကို ဖျက်သိမ်းပေးဖို့လည်း ကျတော်တို့အဖွဲ့က အစိုးရကို တောင်းဆိုထားတာရှိတယ်။” ဟုဆိုသည်။

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများအပါအဝင် ပြည်ပရွှေ့ပြောင်းအလုပ်သမား သန်းနှင့်ချီ အလုပ်လုပ်ကိုင်နေပြီး အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာနေထိုင်သူများဆိုင်ရာ အဖွဲ့အစည်း (IOM) ၏ ၂၀၂၅ ခုနှစ် အချက်အလက်များအရ မြန်မာနိုင်ငံသား ၄.၁ သန်းခန့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts