Monday, May 4, 2026
More
    spot_img
    Homeသတင်းခလရ ၁၀၆ တပ်ရင်းမှ စစ်ကြောင်းထိုတပ်သားများနှင့် မွန်သွေးတပ်တော်ပါဝင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

    ခလရ ၁၀၆ တပ်ရင်းမှ စစ်ကြောင်းထိုတပ်သားများနှင့် မွန်သွေးတပ်တော်ပါဝင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းတွင် ခလရ ၁၀၆ တပ်ရင်းမှ စစ်ကြောင်းထိုးလာသော စစ်ကော်မရှင်အဖွဲ့ကို မွန်သွေးတပ်တော်ပါဝင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

    တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဧပြီလ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် ရေးမြို့နယ်မြောက်ပိုင်း အောင်သာယာရွာနှင့်ကနင်ကမော့ရွာကြားတွင် ခလရ ၁၀၆ မှ အင်အား ၄၀၀ ခန့်ပါသည့်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ယမန်နေ့က ထုတ်ပြန်ထားသည်။

    နှစ်ဖက်တိုက်ပွဲသည် နာရီဝက်ခန့် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ စစ်သား ၂၀ ဦး ထိခိုက်သေဆုံးကာ တော်လှန်ရေးပူး‌ပေါင်းတပ်ဖွဲ့များမှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း မွန်သွေးတပ်တော်မှ ပြောသည်။

    “ခလရ(၁၀၆)တပ်ရင်းဘက်နေပြီးတော့ အင်အား၄၀၀ကျော်နဲ့စစ်ကြောင်းထိုးလာတယ် တော်လှန်ရေးမဟာမိတ်အင်အားစုနဲ့ နာရီဝက်လောက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ် ” ဟု မွန်သွေးတပ်တော်မှ ပြောရေးဆိုခွင့်ရှိသူ ယသာနန်က ပြောသည်။

    မွန်သွေးတပ်တော်နှင့် မဟာမိတ်ပူးပေါင်းတပ်များဖြစ်သော ရေးပြောက်ကျားတပ်(YGF)၊ ခြေမှုန်းရေးတပ်ခွဲ၊KNLA တပ်ရင်း (၂၇) တပ်ခွဲ (၁)၊ ရေးပြည်သူ့ကာကွယ်ရေး (YPDF)၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF) နှင့် ရာမညမွန်တပ်တော်(RMA)တပ်ရင်း(၉၀၁)တို့ အဆိုပါ ရေးမြောက်ပိုင်းတိုက်ပွဲတွင် ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြသည်။

    ၎င်းအပြင် ဧပြီ ၂၉ ရက်နေ့တွေင် မုဒုံမြို့နယ် အမှတ်(၈) လမ်းမကြီးပေါ်ရှိ ရောင်းဒေါင်းကျေးရွာနှင့် နှီးဗဒေါကျေးရွာကြား လမ်းလုံခြုံရေးအကြောင်းပြ ကင်းလှည့်နေကြသည့် အကြမ်းဖက်စစ်တပ်ကို ရမညမွန်တပ်တော် ဒရုန်းတပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သဖြင့် ရန်သူဘက်မှ ၁ ဦးသေဆုံးခဲ့ကြောင်း ရာမညမွန်တပ်တော်မှ ထုတ်ပြန်ချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,700SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks