Wednesday, April 29, 2026
More
    spot_img
    Homeသတင်းတနင်္သာရီတွင် စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ဦး သေဆုံး

    တနင်္သာရီတွင် စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ဦး သေဆုံး

    -

    ‎တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း စစ်ကော်မရှင်တပ် Jet fighter များဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ နှစ်ဦး သေဆုံးသွားကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်သည်။

    ဧပြီလ ၂၇ ရက်နေ့က တနင်္သာရီမြို့နယ်၊ မယ်ဝါး(သဲဖြူ) ကျေးရွာအုပ်စုအတွင်း နှစ်ကြိမ်၊ မောတောင်မြို့ပေါ် ရပ်ကွက်များအတွင်း လေးကြိမ် စုစုပေါင်း ခြောက်ကြိမ်အတွင်း ပေါင် ၃၀၀ ဗုံး ၁၂ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ပြီး အော်လီဂန်းများဖြင့် ပစ်ခတ်ခဲ့သည်ဟု KNU က ဆိုသည်။

    စစ်တပ် ကြဲချတိုက်ခိုက်ပြီး အော်လီဂန်းများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဆီအုန်းစိုက်ပျိုးရေးစီမံကိန်း အလုပ်သမားတန်းလျား ထိခိုက်ပျက်စီးခဲ့ရကာ အပြစ်မဲ့အရပ်သားပြည်သူ ဇနီးမောင်နံ နှစ်ဦးလည်း ထိခိုက်သေဆုံးသွားခဲ့သည်။

    ၎င်းပြင် မြို့နေပြည်သူလူထုများလည်း ထိတ်လန့်ကြောက်ရွံ့ပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု ဆိုသည်။

    စစ်တပ်က အရပ်သားပြည်သူလူထုများအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ ကျူးလွန်လျက်ရှိပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသည်ဟု KNU က ဆိုသည်။

    စစ်တပ်၏ လုပ်ရပ်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းများအနေဖြင့် လက်တွေ့ကျသည့် အရေးယူဆောင်ရွက်မှုများ ချက်ချင်း အကောင်အထည်ဖော် ဆောင်ရွက်ကာ ယခုဆက်လက်ဖြစ်ပွားနေသော လေကြောင်းတိုက်ခိုက်မှုများကို ရပ်တန့်စေရန် ထိရောက်သည့် တာဆီးကာကွယ်မှုများကို လုပ်ဆောင်ရန် KNU က တိုက်တွန်းထားသည်။

    စစ်တပ်၏ ထင်ရှာသည့် ဥပဒချိုးဖောက်မှုများကို မတားဆီးဘဲ ဆက်လက်၍ နှုတ်ဆိတ်နေခြင်းသည် အကြမ်းဖက်မှုများ ပြောင်ပြောင်တင်းတင်း ပိုမိုကျူးလွန်လာစေရန်အတွက် အားပေးကူညီရာရောက်သည်ဟုလည်း KNU က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,600SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks