Saturday, April 25, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသမီး ရွှေ့ပြောင်းလုပ်သားတစ်ဦးကို အဓမ္မပြုကျင့်ရန် ကြံရွယ်သူအမျိုးသားအား ထောင်ဒဏ်ချမှတ်နိုင်ရေး ဆောင်ရွက်နေ

    မွန်အမျိုးသမီး ရွှေ့ပြောင်းလုပ်သားတစ်ဦးကို အဓမ္မပြုကျင့်ရန် ကြံရွယ်သူအမျိုးသားအား ထောင်ဒဏ်ချမှတ်နိုင်ရေး ဆောင်ရွက်နေ

    -

    ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့တွင် အလုပ်လုပ်ကိုင်နေသည့်  မွန်အမျိုးသမီး ရွှေ့ပြောင်းလုပ်သားတစ်ဦးကို အဓမ္မပြုကျင့်ရန် ကြံရွယ်ခဲ့သူအမျို့သားအား ထောင်ဒဏ်ချမှတ်နိုင်ရန် ထိုင်းရောက် မွန်ရွှေ့ပြောင်းလုပ်သားအရေး ကူညီဆောင်ရွယ်ပေးနေသူများမှ  စီစဉ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။

    မဟာချိုင်မြို့ရှိ အဆောင်တန်းလျာတစ်ခုတွင် ရွှေ့ပြောင်းလုပ်သား မွန်အမျိုးသမီးနှင့် အခန်းချင်းကပ်နေထိုင်သည့် အသက် ၃၀ အရွယ် ဗမာအမျိုးသားတစ်ဦးသည် ဧပြီလ ၁၃ ရက်နေ့ ညပိုင်းက အမျိုးသမီးအား ဓားဖြင့်ခြိမ်းခြောက်၍ အဓမ္မပြုကျင့်ရန် ကြိုးပမ်းမှု ဖြစ်ပွားခဲ့သည်။

    ထို့နောက် ရုန်းရင်းဆန်ခတ်ဖြစ်ရာမှ ထွက်ပြေးအကူအညီတောင်းခံနိုင်ခဲ့သည့်သဖြင့် ကျူးလွန်သူအမျိုးသားမှ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။

    “အဲလူက ညီမနဲ့ ဘေးချင်းကပ်အခန်းကပါ။ ညီမကို ဘယ်အချိန်ကတည်းက စောင့်ကြည့်နေတာလဲတော့ မသိဘူး။ အခန်းထဲဝင်လာပြီးတော့ ဓားပြပြီး သူရုပ်ကို တွေ့သွားမှာစိုးလို့၊ မီးတွေအကုန်ပိတ်ပြီးမှောက်လျက်အနေအထားနဲ့ ပေးနေထားခိုင်းတယ်။ မလှုပ်နဲ့၊ လှည့်မကြည့်နဲ့လို့ ပြောတယ်၊ လှုပ်ရင် သတ်ပစ်မယ်တဲ့။ သူ့လက်တစ်ဖက်က ဖုန်းမီးကို ပိတ်နေချိန်မှာ သူ့ကို တွန်းထုတ်ပြီး ထွက်ပြေးနိုင်ခဲ့တယ်” ဟု မွန်အမျိုးသမီးက ပြောသည်။

    အဆိုပါဖြစ်စဉ် ဖြစ်ပွားသည့်နောက် နယ်မြေခံရဲတပ်ဖွဲ့အပြင် ထိုင်းရောက်မွန်ရွှေ့ပြောင်းလုပ်သားအရေး ကူညီဆောင်ရွက် နေသူများထံ သွားရောက်တိုင်ကြားခဲ့ပြီး ဧပြီလ ၁၉ ရက်နေ့တွင် ကျူးလွန်သူအမျိုးသားကို ဖမ်းဆီးနိုင်ခဲ့သည်ဟု သူမ ပြောသည်။

    လက်ရှိတွင် ပြစ်မှုကျူးလွန်သူ အမျိုးသားကို နောက်ဆက်တွဲ အရေးယူမှုမျာ လုပ်ဆောင်နိုင်ရန် မဟာချိုင်ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ဓားပြခြိမ်းခြောက်မှုနှင့် အဓမ္မပြုကျင့်ရန် ကြံရွယ်သည့်ပြစ်မှုများဖြင့် အရေးယူခံထားရကြောင်း သိရသည်။

    “ အမှုကတော့ စစ်ဆေးမေးမြန်းမှုတွေ ဆက်တိုက်ရှိနေတယ်။ ထိုင်းရဲစခန်းဘက်က လိုအပ်နေတဲ့ သက်သေအထောက်အထားတွေလည်း ရှာဖွေလုပ်ပေးနေတုန်းပဲ။ ထောင်ဒဏ်ကတော့ မချမှတ်ရသေးဘူး။ ထိုင်းရဲစခန်းဘက်က ပြောဆိုပုံအရဆိုရင် ၅ နှစ်မှ မဟုတ်ရင် ၆ နှစ်လောက်ကတော့ ကျခံသွားနိုင်တာပေါ့။ ကျနော်တို့ကလည်း ထောင်ဒဏ်ချမှတ်သွားနိုင်ဖို့ကို စီစဉ်ဆောင်ရွက်နေပါတယ်” ဟု မွန်ရွှေ့ပြောင်းလုပ်သားအရေး ကူညီဆောင်ရွက်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

    ပြစ်မှုကျူးလွန်ခံရသူ မိသားစုဝင်များဘက်မှ ပြစ်မှုကျူးလွန်သူ အမျိုးသားအား ထောင်ဒဏ်ချမှတ်နိုင်ရေးကိုသာ လိုလားနေကြသည်။

    ထိုင်းနိုင်ငံမဟာချိုင်မြို့သည် မြန်မာရွှေ့ပြောင်းလုပ်သားများ အများဆုံး အလုပ်လုပ်ကိုင်ရာ နေရာဖြစ်ပြီး ငါးလုပ်ငန်၊ စက်ရုံလုပ်ငန်းများ အဓိက ဝင်ရောက်လုပ်ကိုင်နေကြသည်။

    ရွှေ့ပြောင်းလုပ်သားအမျိုးသမီးအများစုသည် စက်ရုံအနီး အခန်းငှား၍ အုပ်စုလိုက်နေထိုင်ကြသလို ကျား၊မ ခွဲခြားထားခြင်းမရှိသည့် အဆောင်တန်းလျားများတွင် နေထိုင်ရသဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသည့် ကိစ္စများ မကြာခဏ ဖြစ်ပွားလျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,600SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks