Friday, April 24, 2026
More
    spot_img
    Homeသတင်းနေအိမ်တစ်လုံးအတွင်း တရားမဝင် ဝင်ရောက်နေထိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သား (၆၃) ဦးကို ထိုင်းအာဏာပိုင်မှ ဖမ်းဆီး

    နေအိမ်တစ်လုံးအတွင်း တရားမဝင် ဝင်ရောက်နေထိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သား (၆၃) ဦးကို ထိုင်းအာဏာပိုင်မှ ဖမ်းဆီး

    -

    ထိုင်းနိုင်င်ငံမြောက်ပိုင်း ဖနောင် (Phayao) ခရိုင်တွင် ငှားရမ်းထားသောအိမ်တစ်လုံးအတွင်း တရားမဝင် ဝင်ရောက်နေထိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သား (၆၃) ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ထိုင်းသတင်းအရင်းအမြစ်များမှ သိရသည်။

    ဖြစ်စဉ်မှာ ဧပြီ (၂၃) ရက် မွန်းလွဲ (၃) နာရီခွဲခန့်တွင် ဖနောင် (Phayao) ခရိုင်၊ မယ်တမ် (Mae Tam) မြို့နယ်ခွဲ၊ မြောင် (Mueang) မြို့နယ်အတွင်း လူကုန်ကူးမှုများရှိနေကြောင်း ဒေသခံများဆီမှ သတင်းရရှိသဖြင့် ထိုင်းရဲတပ်ဖွဲ့များက ငှားရမ်းထားသည့်အိမ်တစ်လုံးအတွင်းသို့ ဝင်ရောက်စစ်ဆေးမှု လုပ်ဆောင်ခဲ့သည်။

    အဆိုပါစစ်ဆေးမှုအတွင်း တရားမဝင် ဝင်ရောက်ခိုလှုံနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား (၃၃) ဦးနှင့် အမျိုးသမီး (၃၀) ဦး စုစုပေါင်း (၆၃) ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ထိုအထဲတွင် အသက် ၁၈ နှစ်အောက် လူငယ် (၃) ဦးလည်း ပါဝင်နေကြောင်း သိရသည်။

    ထိုင်းဒေသခံရဲတပ်များ၏ ကနဦး စစ်ဆေးမေးမြန်းချက်များအရ အဆိုပါမြန်မာရွှေ့ပြောင်းလုပ်သားများသည် ချင်းရိုင်ပြည်နယ် မယ်ဆိုင်မြို့နယ်မှတစ်ဆင့် ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာကြပြီး၊ ဆမ် “Sam” နှင့် ပါမ် “Palm” ဟု ခေါ်သည့် ပွဲစားနှစ်ဦး၏ အကူအညီဖြင့် ဝင်ရောက်ခဲ့ကြကြောင်း သိရသည်။

    မြန်မာရွှေ့ပြောင်းအလုပ်သမားများက အဆိုပါပွဲစားများထံ လူတစ်ဦးလျှင် ဘတ်ငွေ ၈,၅၀၀ မှ ၁၀,၀၀၀ အထိ ပေးဆောင်ခဲ့ကြောင်း ဆိုထားသည်။

    ပွဲစားက ၎င်းတို့ကို ကားများဖြင့် အဆင့်လိုက် ပို့ဆောင်ကာ ဖနောင်ရှိ အိမ်တစ်လုံးတွင် ခေတ္တထားရှိပြီး ဘန်ကောက်နှင့် ဖစ်စနူလော့ခရိုင်ရှိ ရထားလမ်းအနီးဒေသများသို့ ဆက်လက်ပို့ဆောင်ရန် စောင့်ဆိုင်းနေစဉ်အတွင်း ဖမ်းဆီးခံရခြင်းဖြစ်သည်။

    လက်ရှိတွင် ဖမ်းဆီးခံထားရသည့် အသက်ပြည့်သူများအားလုံးကို တရားမဝင်ဝင်ရောက်မှုဖြင့် အမှုဖွင့်ထားပြီး ဖနောင်မြို့နယ်ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ထားကြောင်း သိရသည်။

    အသက်မပြည့်သေးသော လူငယ် (၃) ဦးကို စစ်ဆေးအကဲဖြတ်မှုများ ပြုလုပ်ရန် ပြည်နယ်အဆင့် ကလေးနှင့်မိသားစုစောင့်ရှောက်ရေးစင်တာသို့ လွှဲပြောင်းပေးမည်ဖြစ်သည်။

    ထို့နောက် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူများက ထိုင်းသတင်းဌာနများထံ ပြောကြားထားသည်။

    ကိုးကား-Khaosod English

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,600SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks