Homeသတင်းထိုင်းနိုင်ငံတွင် မီတာခတိုးမြှင့်ကောက်ခံသွားရန်ရှိပြီး တစ်ယူနစ် ၃.၉၅ ဘတ်သို့ရောက်ရှိမည်

ထိုင်းနိုင်ငံတွင် မီတာခတိုးမြှင့်ကောက်ခံသွားရန်ရှိပြီး တစ်ယူနစ် ၃.၉၅ ဘတ်သို့ရောက်ရှိမည်

-

ထိုင်းနိုင်ငံတွင် လာမည့် မေလမှ ဩဂုတ်လအတွင်း လျှပ်စစ်မီတာခ ဝ.၀၇ ဘတ် တိုးမြှင့်တင်သွားရန်ရှိသဖြင့် မီတာခ တစ်ယူနစ် ၃.၉၅ ဘတ်သို့ ရောက်ရှိမည်ဖြစ်ကြောင်း စွမ်းအင်ထိန်းညှိရေးကော်မရှင် Energy Regulatory Commission (ERC) က ဧပြီလ ၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ထိုင်းနိုင်ငံ၏ လက်ရှိ လျှပ်စစ်မီတာခနှုန်းထားမှာ တစ်ယူနစ်လျှင် ၃.၈၈ ဘတ်ဖြစ်ပြီး မေလမှ  သြဂုတ်အတွင်း တစ်ယူနစ် ၃.၉၅ ဘတ်နှုန်းထားဖြင့် ကောက်ခံသွားမည်ဖြစ်သည်။

စွမ်းအင်ထိန်းညှိရေးကော်မရှင်(ERC) မှ ကနဦး  တစ်ယူနစ်လျှင် ၄.၀၈ ဘတ်မှ ၄.၅၉ ဘတ်အထိ တိုးမြှင့်ရန်ရည်ရွယ်ထားသော်လည်း လက်ဖြစ်ပေါ်နေသည့် အကြပ်အတည်းများအကြား ပြည်သူများ ကုန်ကျစရိတ် သက်သာစေရေး အနိမ့်ဆုံးနှုန်းထားဖြစ်သည့် တစ်ယူနစ် ၃.၉၅ ဘတ်အဖြစ်သာ ရွေးချယ်သတ်မှတ်ခဲ့သည်။

သို့သော် ထိုင်းနိုင်ငံ လျှပ်စစ်ထုတ်လုပ်ရေးကို တာဝန်ယူနေတဲ့ လျှပ်စစ်ထုတ်လုပ်ရေးအာဏာပိုင်အဖွဲ့ (Electricity Generating Authority of Thailand – EGAT) ထံ လျှပ်စစ်မီးခကိုအထောက်အပံ့ပေးထားမှုကြောင့် ဘတ် ၃၆ ဘီလီယံကျော် အကြွေးတင်နေခဲ့သည်Ï

ထို့ကြောင့် ထိုင်းနိုင်ငံအတွင်း နေထိုင်းကြသည့် ပြည်သူများအနေဖြင့် နွေရာသီကာလအတွင်း လျှပ်စစ်သုံးစွဲမှုကို စနစ်အတကျ စီမံခန့်ခွဲအသုံးပြုရန်လည်း စွမ်းအင်ထိန်းညှိရေးကော်မရှင်(ERC) အတွင်းရေးမှူးချုပ် ပွန်ပတ် လီဆုမ်ဘတ်ပိုင်ဘွန် (Poonpat Leesombatpaiboon)က တိုက်တွန်းထားသည်။

ကိုးကား-Bangkok Post

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts