Homeသတင်းမွန်အမျိုးသားပညာရေးဌာန၏ ပထမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ကျောင်းသား ၂၃၅ ဦး တက်ရောက်ချီးမြှင့်ခံ

မွန်အမျိုးသားပညာရေးဌာန၏ ပထမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ကျောင်းသား ၂၃၅ ဦး တက်ရောက်ချီးမြှင့်ခံ

-

မွန်အမျိုးသားပညာရေးဌာန၏ ပထမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် Bop Htaw နှင့် မွန်အမျိုးသားကောလိပ်မှ ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၃၅ ဦးတို့ ကိုယ်တိုင်တက်ရောက်၍ ဘွဲ့လက်မှတ်ချီးမြှင်ခံခဲ့ကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ညီစားဌာနတွင် ယမန်နေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ညနေ့ပိုင်းက ဘွဲ့နှင်းသဘင်အခမ်းအနား ပြုလုပ်ခဲ့ပြီး ယခုဘွဲ့နှင်းသဘင်သည် Bop Htaw ကျောင်းသားများအတွက် စတုတ္ထအကြိမ်ဖြစ်ပြီး မွန်အမျိုးသားကောလိပ်အတွက် ပထမအကြိမ် ပေးအပ်ချီးမြှင့်ခြင်းဖြစ်သည်။

အခမ်းအနားတွင် အထင်ကရ မွန်သံဃာတော်များ၊ မွန်ခေါင်းဆောင်များ၊ ဌာနမှုးများ၊ Bop Htaw ကျောင်းတာဝန်ရှိသူများ၊ မွန်အမျိုးသားကောလိပ် ကျောင်းအုပ်၊ မွန်အမျိုးသားပညာရေးကော်မတီ တာဝန်ရှိသူများ၊ ဘွဲ့ရမောင်မယ် ကျောင်းသားကျောင်းသူများနှင့် မိသားစုဝင်များ တက်ရောက်ခဲ့သည်။

သင်တန်းတက်ရောက်ပြီးမြောက်ခဲ့သည့် ၂၀၁၉-၂၀၂၀ နှင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှ Bop Htaw ကျောင်းသား ကျောင်းသူ ၆၄ ဦး၊ မွန်အမျိုးသားကောလိပ်၏ ၂၀၂၃-၂၀၂၄ နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှ ကျောင်းသား၊ ကျောင်းသူ ၁၇၀ ဦးအပြင် Post Stand ကျောင်းသား ၁ ဦးတို့ကို ဘွဲ့လက်မှတ်ပေးအပ်ခဲ့ပြီး အဝေးတက်ရောက်သူများလည်း ရှိသည်ဟု မွန်အမျိုးသားပညာရေးကော်မတီ တာဝန်ရှိသူ မိသာဍာက အခမ်းအနားတွင် ပြောသည်။

"ဒီကနေ့ စင်မြင့်ရှေ့မှာ ကျောင်းသားကျောင်းသူစုစုပေါင်း ၁၃၅ ဦးအပြင် အဝေးရောက်နေတဲ့ကျောင်းသားကျောင်းသူတွေလည်းရှိပါတယ်။ ပညာရေးဟာ လူမျိုးတစ်မျိုးရဲ့ အဓိက ဖြစ်ပါတယ်။ မွန်အမျိုးသားပညာရေးဌာနအနေဖြင့်လည်း စိန်ခေါ်မှုအမျိုးမျိုးကြားမှ အခုလိုမွန်လူငယ်တွေ ဘွဲ့ချီးမြှင့်ပေးအပ်နိုင်ခဲ့ခြင်းသည် မွန်အမျိုးသားပညာရေးရဲ့ အောင်မြင်မှုသာဓကတွေပဲဖြစ်ပါတယ်"ဟု ဆိုသည်။

Pop Htaw ကျောင်းမှ တစ်ဆင့်တိုး၍ မွန်အမျိုးသားကောလိပ် ဖြစ်မြောက်လာသည့်ပြင် ကောလိပ်အတွက် ကျောင်းအဆောက်အဦးနှင့် ကျောင်းလိုအပ်ချက်များကို ထိုက်သင့်သလောက် ရှိလာသည့်အပေါ်လည်း သက်ဆိုင်ရာအလှူရှင်နှင့် ပါဝင်အားပေးသူများကို ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ဘွဲ့ရမောင်မယ်များ ယနေ့ရရှိထားသော ဘွဲ့လက်မှတ်များသည် စက္ကူတစ်ခုသာမဟုတ်ကြောင်း၊ နိုင်ငံတကာအဆင့်မီပညာရေးတစ်ခုမှ အသိမှတ်ပြုဘွဲ့လက်မှတ်ဖြစ်ပြီး နိုင်ငံတကာကျောင်းများသို့ ပညာဆက်လက်သင်ယူရန်လည်း ဒေါက်တာပညာမွန်က အခမ်းနားတွင် တိုက်တွန်းပြောကြားသည်။

ပုံ- အ အာ

"ဒီနေ့ဟာ နေ့ထူးနေ့မြတ်ဖြစ်ပါတယ် စကားပြောရလို့ အရမ်းဂုဏ်ယူပါတယ်၊ ဒီဂရီရဖို့က လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ ကျောင်းစာအပြင် ကျောင်းဝေယာဝစ္စတွေ အများကြီးလုပ်ခဲ့ရတယ်။ ကိုယ်တိုင်ကြိုးစားလို့ ကိုယ်တိုင်ရခဲ့တာပါ အင်တာနက်မရှိတဲ့ကြားက မီးစက်နဲ့လည်ပတ်ပြီး မီးရတစ်လှည့်မရတစ်လှည့်နဲ့ လုပ်ခဲ့တာ။ ပြောချင်တာက လူငယ်တွေအိမ်မက်တွေကိ လက်မလျှော့လိုက်ပါတယ်။ ကိုယ့်အခွင့်အရေးက ကိုယ့်အတွက်ပါပဲ။ ပညာဆက်ရှာပါ ဗဟုသုတုဆက်ရှာပါ" ဟု ဆိုသည်။

အထက်တန်းပြီးမြောက်သူ မွန်လူငယ်များ ၎င်းတို့၏ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုနှင့် သင်ကြားမှုအတွေ့အကြုံများနှင့်အတူ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ခွင့်ရစေရန် နိုင်ငံတကာ ပညာသင်ဆုများကို တိုးချဲ့ရယူနိုင်စေရန် ရည်ရွယ်၍ Bop Htaw ပရိုဂရမ် သင်တန်းကျောင်းကို ၂၀၀၀ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် မွန်အမျိုးသားကောလိပ်သို့ ပြောင်းလဲဖွင့်လှစ်နိုင်ခဲ့သည်။

လက်ရှိ မွန်အမျိုးသာကောလိပ်တွင် ၃ နှစ်တာ သင်တန်းတက်ရောက်ပြီးမြောက်သည့် ကျောင်းသားကျောင်းသူများကို Associate Degree နှင့် သူနာပြုဘာသာရပ် အထူးပြုသင်ကြားသည့် ဘာသာရပ်တစ်ခုကိုသာ ဝိဇ္ဇာဘွဲ့(B.A) အဖြစ် အသိမှတ်ပြု ပေးအပ်နေကြောင်း သိရသည်။

လာမည့်စာသင်နှစ်များတွင် မွန်အမျိုးသားကောလိပ်မှ သင်ကြားပို့ချနေသည့် ဘာသာရပ်များအနက် မွန်စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာဘာသာရပ်၊ လူမှုရေးသိပ္ပံဘာသာရပ်၊ ပညာရေး(စီမံခန့်ခွဲမှုနှင့် ဆရာအတတ်သင်) ဘာသာရပ်များ သင်ယူလေ့လာသူတို့ကို ဝိဇ္ဇာဘွဲ့ (B.A) အဆင့်အထိ ပေးအပ်ရန် စီစဉ်နေကြောင်း သိရသည်။

Previous article
Next article

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts