Homeသတင်းပုလောမြို့နယ် ပလမြို့ရှိ နေအိမ်များကို စစ်ကော်မရှင်တပ် မီးရှို့ဖျက်ဆီး

ပုလောမြို့နယ် ပလမြို့ရှိ နေအိမ်များကို စစ်ကော်မရှင်တပ် မီးရှို့ဖျက်ဆီး

-

ဇန်နဝါရီ ၂၉၊ ၂၀၂၆

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့ရှိ နေအိမ်များကို စစ်ကော်မရှင်တပ်က ယမန်နေ့ ဖေဖော်ဝါရီလ ၂၈ ညက မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ထံမှ သိရသည်။

ပလမြို့ အမှတ် (၁)ရပ်ကွက်တွင်ရှိနေသည့် စစ်ကော်မရှင်တပ်တို့က ပိတပ်ကျေးရွာဘက်သို့ လက်နက်ငယ်များ ပစ်ခတ်ခဲ့ကြပြီး အမှတ် (၁) ရပ်ကွက်နှင့် အမှတ် (၂) ရပ်ကွက်အတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

စစ်ကော်မရှင်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် အမှတ် (၁) ရပ်ကွက်နှင့် အမှတ် (၂) ရပ်ကွက်အတွင်းရှိ နေအိမ်များ ယနေ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့ နံနက်ပိုင်းအထိ ဆက်လက်မီးလောင်ကျွမ်းလျက်ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့တို့ထံမှ သိရသည်။

“အိမ်တွေ ဒီမနက်ပိုင်းအထိ ဆက်လက် လောင်ကျွမ်းနေတယ်” ဟု မြေပြင်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပလမြို့အနီးတွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကော်မရှင်တပ်ဘက်က အရပ်သားပြည်သူ နေအိမ်များကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့သည်။

ဇန်နဝါရီလ ၂၇ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ်များ ပလမြို့ အမှတ်(၄) ရပ်ကွက်၊ (ဆားဖိုဆိပ်ရပ်ကွက်) သို့ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ် ဝင်ရောက်လာပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သေးသည်။

စစ်ကော်မရှင်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် ပလမြို့ အမှတ်(၄) ရပ်ကွက်က နေအိမ် ၇၈ လုံး မီးလောင်ပျက်စီးသွားသည်ဟု ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts