spot_img
Tuesday, December 16, 2025
More
    spot_img
    Homeသတင်းရေးမြို့အခြေစိုက် ခမရ(၅၈၆) တပ်ရင်းမှ ထွက်ပြေးလာသော တပ်သား (၃) ဦးကို ရေးဘီလူးတပ်ရင်းက ဖမ်းဆီးထိန်းသိမ်း

    ရေးမြို့အခြေစိုက် ခမရ(၅၈၆) တပ်ရင်းမှ ထွက်ပြေးလာသော တပ်သား (၃) ဦးကို ရေးဘီလူးတပ်ရင်းက ဖမ်းဆီးထိန်းသိမ်း

    -

    မွန်ပြည်နယ် ရေးမြို့အခြေစိုက် ခမရ (၅၈၆) တပ်ရင်းမှ ရေးဘီလူးတပ်ရင်း စစ်မျက်နှာဖွင့်ထားသော နယ်နမိတ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာသော တပ်သား ၃ ဦးကို ယမန်နေ့ နိုဝင်ဘာ ၃၀ ရက်နေ့ ည ၈ နာရီခန့်တွင် ရေးဘီလူးအဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းလိုက်သည်ဟု အဖွဲ့ခေါင်းဆောင်မှ IMNA သို့ ပြောသည်။

    တပ်သား ၃ ဦးတို့သည် စစ်မှုထမ်းအပတ်စဉ် ၁၂ မှ စစ်မှုထမ်းသင်တန်းဆင်း တပ်သားများဖြစ်ပြီး၊ စစ်ကော်မရှင်လက်အောက်တွင် မနေလိုခြင်းကြောင့် ရေးမြို့အခြေစိုက် ခမရ (၅၈၆) တပ်ရင်းမှတစ်ဆင့် ရေးဘီလူးနယ်နိမိတ်အတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

    လက်နက်တစ်စုံတစ်ရာမပါဘဲ ထွက်ပြေးတိမ်းရှောင်သူများဖြစ်သောကြောင် စစ်သုံ့ပန်းအနေဖြင့် ဖမ်းဆီးထိန်းသိမ်းထားလိုက်ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

    ပုံ-ရေးဘီလူး

    “သူတို့ သုံးယောက်လုံးကတော့ စစ်မှုထမ်းတပ်သားတွေပေါ့နော်။ စစ်မှုထမ်းနေရင်နဲ့ သူတို့က သင်တန်းပြီးသွားရော၊ အပတ်စဉ် ၁၂ ဆင်းလာခဲ့တဲ့ သူတွေပေါ့။ သူတို့က ဘာကြောင့် ပြေးလာလဲဆိုတော့ မနေချင်လို့ပဲပြောတယ်” ဟု ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ဆိုသည်။

    ဖမ်းဆီးခံရသူ တပ်သား ၃ ဦးတို့သည်  အသက်၂၃ နှစ်အရွယ် ချစ်ထွန်း (ကိုယ်ပိုင်အမှတ် ပစ ၁၇၂၃၆၈)၊ ၂၄ နှစ်အရွယ် အောင်သန်းဦး (ကိုယ်ပိုင်အမှတ် ပစ ၁၇၂၃၇၄)နှင့် အသက် ၂၉ နှစ်အရွယ် ရန်နိုင်ဝင်း (ကိုယ်ပိုင်အမှတ် ပစ ၁၇၂၃၆၆) တို့ဖြစ်ကြောင်း ရေးဘီလူးလူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

    “ပစတွေကကျတော့ စစ်မှုထမ်းအတွက် စုဆောင်းခံခဲ့ရတဲ့သူတွေလို့တော့ ထင်တာပေါ့နော်။ ဒါပေမဲ့ ကျွန်တော်တို့က သုံ့ပန်းအနေဖြင့်နဲ့ပဲ သွားပေးမယ်လေ။ သုံးပန်းအနေနဲ့ပဲ သွားမယ်။ သုံ့ပန်းထိန်းသိမ်းရေးနေရာကိုပဲ ကျနော်တို့က ပို့မှာပေါ့နော်” ဟု ဆက်ပြောသည်။

    ရေးဘီလူးအဖွဲ့ထံတွင် စစ်အာဏာသိမ်းချိန်မှစပြီး လာရောက်အလင်းဝင်ထားသည့် တပ်သား ၃၀ ကျော်ရှိနေပြီး အလင်းဝင်လာသူများ မိမိတို့ စိတ်ဆန္ဒရှိပါက စစ်ကောင်စီကို ပြန်လည်တွန်းလှန်တိုက်ခိုက်ခွင့်ပေးထားသလို လွတ်မြောက်နယ်မြေတစ်နေရာသို့ သွားရောက်လိုပါက ပို့ဆောင်ပေးနေကြောင်းလည်း သိရသည်။

    ဒေသအသီးသီးရှိ စစ်ကောင်စီ အမတ၊ ခလရ၊ ခမရ တပ်ရင်းတို့တွင် တာဝန်ထမ်းဆောင်နေသည့် တပ်သားများအပြင် တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်းမှ စစ်မှေုထမ်းသင်တန်းများသည် စစ်ကော်မရှင်လက်အောက်တွင် မနေလိုခြင်းကြောင့် မွန်၊ ကရင်ရှိ တော်လှန်ရေးတပ်ဖွဲ့များထံ မကြာခဏ လာရောက်အလင်းဝင်လေ့ရှိသည်။

    တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့်လည်း စစ်ကော်မရှင်အဖွဲ့အတွင်း ကျန်ရှိနေသော စစ်မှုထမ်းတပ်သားများ အမြန်ဆုံး လာရောက်ပူးပေါင်းရန်နှင့် အလင်းဝင်လိုသည့် မည်သည့်တပ်သားများမဆို ကြိုဆိုကြောင်းလည်း ဖိတ်ခေါ်လျှက်ရှိသည်။

    မြန်မာနိုင်ငံတစ်ဝှမ်းရှိ စစ်မှုထမ်းတပ်သားများ၊ ရဲတပ်ဖွဲ့ဝင်များသည် တော်လှန်ရေးတပ်ဖွဲ့များထံ မကြာခဏ ထွက်ပြေးနေပြီး ယခုနှစ် နိုဝင်ဘာလ တတိယပတ်အထိ  နိုင်ငံတစ်ဝှမ်းရှိ အလင်းဝင်ပူးပေါင်း၊ လက်နက်ချ၊ စစ်သုံ့ပန်းစုစုပေါင်း (၂၄၁၈)ဦးအထိ ရှိခဲ့သည်ဟု ပြည်သူ့ပန်းတိုင်အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts