Homeသတင်းKK Park မှထွက်ပြေးလာသူ နိုင်ငံခြားသား ၁၀၀၀ ကျော် ထိုင်းနိုင်ငံဘက်သို့ရောက်ရှိ

KK Park မှထွက်ပြေးလာသူ နိုင်ငံခြားသား ၁၀၀၀ ကျော် ထိုင်းနိုင်ငံဘက်သို့ရောက်ရှိ

-

ထိုင်းနိုင်ငံ၊ မဲဆောက်ခရိုင်တွင် ယနေ့မနက်ပိုင်းအထိ KK Park မှ ထွက်ပြေးလာသူ  နိုင်ငံခြားသား ၁၀၄၅ ဦး ရောက်ရှိနေပြီး အချိန်နာရီအလိုက် ဝင်ရောက်လာသူအရေအတွက်များ တိုးလာနေကြောင်း တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်မှ ထိုင်းသတင်းဌာနများတွင် ပြောဆိုထားသည်။

ယနေ့အောက်တိုဘာ ၂၄ ရက်နေ့ မနက်ပိုင်းအထိ လူပေါင်း ၁၀၀၀ ကျော်တို့သည် သောင်ရင်းမြစ်ကိုဖြတ်၍ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ပြီး ထိုင်းအာဏာပိုင်များမှ အဆိုပါ နိုင်ငံခြားသာများကို ခေတ္တခိုလှုံခွင့်ပြုထားကြောင်း သိရသည်။

ပုံ – Khaosod New

ထွက်ပြေးလာသူ နိုင်ငံခြားသား တစ်ဦးချင်းစီ၏ အထောက်အထားများ၊ ခရီးသွားအချက်အလက်များနှင့် မှုခင်းမှတ်တမ်းများကို မိုဘိုင်းဇီဝမက်ထရစ် သက်သေခံစနစ်များဖြင့် လုံခြုံရေးတပ်ဖွဲ့များနှင့်ပူးပေါင်း၍ စစ်ဆေးအတည်ပြုသွားမည်ဖြစ်ပြီး အရေးယူမှုများကို တင်းတင်းကြပ်ကြပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

ကနဦးစစ်ဆေးချက်များအရ နိုင်ငံခြားအများစုတို့သည် နိုင်ငံကူးလက်မှတ်များမပါသည့် အသက် ၂၀ နှင့် ၄၅ နှစ်အရွယ်ရှိသည့် တရုတ်နိုင်ငံသားများဖြစ်ကြောင်း သိရသည်။ အချို့တွင် ရာဇရာဇဝတ်မှုဆိုင်ရာ မှတ်တမ်းများကိုလည်းတွေ့ရှိထားရပြီး အာဏာပိုင်းများမှ နိုင်ငံတကာဖမ်းဝရမ်းများဖြင့် အပြန်အလှန် စစ်ဆေးလျှက်ရှိသည်။

ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ပါကစ္စတန်နှင့် ဖိလစ်ပိုင်နိုင်ငံသားများလည်းပါဝင်ပြီး ၎င်းတို့အားလုံးကို တရားဥပဒေသအရ အရေးယူနိုင်ရန် အထောက်အထားများစုဆောင်နေကြောင်း ဆိုသည်။

မြန်မာစစ်တပ်မှ KK Park ကိုပိတ်လိုက်ပြီး လူပေါင်း ၂၀၀၀ ကျော်ကို ဖမ်းဆီးကာ Starlink ဂြိုလ်တုအင်တာနက်စက် ဒါဇင်များစွာကို သိမ်းဆည်းရမိခဲ့ကြောင်း စစ်ကော်မရှင်မှ သတင်းထုတ်ပြန်ခဲ့သည်။

ထို့နောက် စပ်တပ်က ထပ်မံဖမ်းဆီးမည်ဆိုသော သတင်းကြောင့် KK Park အတွင်းရှိ နိုင်ငံခြားသားများ ခရီဆောင်အိတ်၊ သေတ္တာကြီးများဖြင့် အုတ်အုတ်သောင်းနင်း ထွက်ပြေးလာကြသည်။

KK Park မှ ထွက်ပြေးလာသူများ နယ်စပ်အနီးတစ်ဝိုက်တွင် ကျန်ရှိနေသဖြင့် သောင်ရင်းမြစ်ကို ဖြတ်ကူးလာသည့် နိုင်ငံခြားသားများကို တွေ့ရှိပါက 191 ကို ခေါ်ဆိုအကြောင်းကြားရန်လည်း မဲဆောက်ရဲစခန်းမှ ကြေညာထားသေးသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts