spot_img
Tuesday, December 16, 2025
More
    spot_img
    Homeသတင်းမော်လမြိုင် တက္ကသိုလ်အနီ နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရမှု ဖြစ်ပွား

    မော်လမြိုင် တက္ကသိုလ်အနီ နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရမှု ဖြစ်ပွား

    -

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ မော်လမြိုင်တက္ကသိုလ်ပတ်လမ်းရှိ နေအိမ်တစ်အိမ်တွင် ဓါးပြတိုက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

    ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၂ နာရီ (၁၅) မိနစ်အချိန်ခန့်တွင် ဈေးကြိုရပ်ကွက်၊ တက္ကသိုလ်ပတ်လမ်း၊ လမ်းသွယ် (၃) ရှိ ဦးကျော်သူရဆိုသူ နေအိမ်ကို အသက် ၂၀ နှင့် ၃၀ နှစ်ခန့်ရှိ လူငယ် ၃ ဦးတို့က ဝင်ရောက် ဓါးပြတိုက်သွားခြင်းဖြစ်သည်။

    ထိုလူငယ် ၃ ဦးသည် သေနတ်၊ ဓါး ကိုင်ဆောင်ထားကြပြီး မျက်နှာဖုံး ဖုံးထားကြကာ၊ ဦးထုတ်၊ ဆိုင်ကယ်ဦးထုတ်ဆောင်းထားကြသည်ဟု နီးစပ်သည့် မြို့ခံတစ်ဦးက ပြောသည်။

    ပုံစာ – မော်လမြိုင် တက္ကသိုလ်ပတ်လမ်းတနေရာ (ပုံခရက်တစ် – CJ)

    “သူတို့တွေက မျက်နှာဖုံးတပ်ထားတယ်။ ဘောင်းဘီရှည်အမဲရောင်တွေ ဝတ်ထားပြီးတော့ လက်အိတ်အဖြူရောင်ဝတ်ထားကြတယ်။ တစ်ယောက်က ဆိုင်ကယ်ဦးထုပ်ဆောင်းထားတယ်။ ကျန်နှစ်ယောက်က ကတ်ဦးထုပ်တွေ ဆောင်းထားတယ်။ သူတို့မှာ သေနတ်နဲ့ ဓါးတွေပါတယ်” ဟု ၎င်းမြို့ခံက ဆက်ပြောသည်။

    ဓါးပြတိုက်ခံခဲ့ရမှုကြောင့် I Phone 16 Pro Max (၁) လုံး၊ I phone 14 Pro Deep (၁) လုံး၊ Ipad Pro (၁) လုံး၊ မီးလင်းလက်ကောက် (၃) ကျပ်သား (၁) ကွင်း၊ မီးလင်းလက်စွပ် (၂) ကျပ်သား (၁) ကွင်း၊ မီးလင်းဆွဲကြိုး (၂) ကျပ်သား (၁) ကုံးနှင့် (၃) ကျပ်သား (၁) ကုံး၊ ငွေကျပ်သိန်း (၄၀၀) ခန့် ပါသွားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတို့ထံမှ သိရသည်။

    ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျူးလွန်သူများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် စစ်ကော်မရှင် ရဲတပ်ဖွဲ့တို့က စစ်ဆေး ဖေါ်ထုတ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

    ၂၀၂၂ ခုနှစ်တုန်းကလည်း မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက် သီရိမြိုင်ဈေးအနီးရှိ ရွှေဆိုင်တစ်ဆိုင်တွင် သေနတ်ဖြင့် ခြိမ်းခြောက်ပြီး ဓားပြတိုက်မှုဖြစ်ပွားခဲ့သေးသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မော်လမြိုင်မြို့တွင် ခိုးမှု လုယက်မှု များပြာလာကာ ခြိမ်းခြောက်ငွေတောင်းသည့်ဖြစ်စဥ်များ၊ အနုကြံစည်မှုများနှင့် လုယက်ပြီး လူသတ်သည့်ဖြစ်စဥ်များလည်း မကြာခနဖြစ်ပွားနေသည်ဟု မြို့ခံတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts