spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းအမှတ် (၈) လမ်းမကြီးပေါ် ဖြတ်သန်းသွားလာသည့်ယာဉ်များ ကြည်ဖြူစွာစစ်ဆေးခံရန် KNLA တပ်ရင်း ၂၇ မှထုတ်ပြန်

    အမှတ် (၈) လမ်းမကြီးပေါ် ဖြတ်သန်းသွားလာသည့်ယာဉ်များ ကြည်ဖြူစွာစစ်ဆေးခံရန် KNLA တပ်ရင်း ၂၇ မှထုတ်ပြန်

    -

    မော်လမြိုင်-ရေး-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များကို စစ်ဆေးတင်းကြပ်သွားမည်ဖြစ်သဖြင့် မည်သည့်ယာဉ်မဆို ကြည်ဖြူစွာစစ်ဆေးခံရန် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း ၂၇ မှ ယနေ့ ဩဂုတ်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အနေဖြင့် ခရီးသွားပြည်သူလူထုများအား အကာကွယ်ယူ၍ သွားနေလာနေသည့်သတင်းရရှိချက်ကြောင့် စစ်ဆေးတင်းကြပ်သွားမည်ဖြစ်သည်။

    ထို့ကြောင့် ၎င်းလမ်းပိုင်းကို အသုံးပြုသွားလာနေကြသည့် ခရီးသွားယာဉ်များအပြင် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတို့၏ ယာဉ်များအနေဖြင့်လည်း စစ်ဆေးမှုဆောင်ရွက်ရာတွင် ကြည်ဖြူစွာ လက်ခံပေးကြရန် ဖော်ပြထားသည်။

    ထို့နောက် ခရီးသွားပြည်သူများမှ စစ်ကောင်စီတပ်ဖွဲ့တို့နှင့်အတူ ယာဉ်တစ်စီးတည်း လိုက်ပါစီးနင်မှု မပြုကြရန်နှင့် စစ်ကောင်စီနှင့် သက်ဆိုင်သည့် လူပုဂ္ဂိုလ်၊ ပစ္စည်းများကိုလည်း တင်ဆောင်ခြင်းမပြုကြရန်လည်း ဆိုထားသည်။

    အဆိုပါလမ်းမကြီးတစ်လျှောက်ကို ထိုးဖောက်ထိန်းချုပ်ပြန်လည်လှုပ်ရှားနေပြီးဖြစ်သည့်အတွက် ခရီးသွားပြည်သူများ ထိခိုက်ဆုံးရှုံးမှုနည်းစေရေးအတွက် ထုတ်ပြန်ချက်စတင်သည့် သြဂုတ် ၆ ရက်နေ့မှစ၍ လိုက်နာကြရန်လည်း တိုက်တွန်းထားသည်။

    မော်လမြိုင်–ရေး-ထားဝယ်- အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးတွင် စစ်ကောင်စီနှင့်တော်လှန်ရေးပူးပေါင်းတပ်များကြား မကြာခဏ တိုက်ပွဲဖြစ်ပွားနေသည့်အပြင် တော်လှန်ရေးတပ်ဖွဲ့များက လုံခြုံရေးယူကာ စစ်ဆေးမှုများ မကြာခဏဆောင်ရွက်လျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts