Homeသတင်းKNU နယ်မြေ လယ်ဒိုမြို့နယ်အတွင်းက ကျေးရွာ ၈၀ ရေကြီးနစ်မြုပ်နေ

KNU နယ်မြေ လယ်ဒိုမြို့နယ်အတွင်းက ကျေးရွာ ၈၀ ရေကြီးနစ်မြုပ်နေ

-

ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေ လယ်ဒိုမြို့နယ်တွင် ကျေးရွာပေါင်း ၈၀ ရွာနှင့် စပါးစိုက်ဧက ၃၀၀၀၀ ကျော် ရေနစ်မြုပ်နေသည်ဟု KNU ဗဟိုက ထုတ်ပြန်သည်။

ဇူလိုင်လ ၂၄ ရက်နေ့ကစပြီး မိုးသည်းထန်စွာ ရွာသွန်းပြီး စစ်တောင်းမြစ်ရေ လျှံတက်လာသည့်အတွက် လယ်ဒိုမြို့နယ်၊ ထိုးဝါးစိုက်ကျေးရွာအုပ်စု၊ ဟင်္သာဝဲကျေးရွာအုပ်စု၊ ကျောက်မှော်ဘုရားကြီးကျေးရွာအုပ်စု၊ ပဒဲကောကျေးရွာအုပ်စု၊ ဝက်လာတောကျေးရွာအုပ်စု အစရှိသည့် ကျေးရွာအုပ်စု ၂၄ ခုမှ ကျေးရွာပေါင်း ၈၀ တွင် ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခဲ့သည်။

ရေကြီးနစ်မြုပ်မှုကြောင့် ကျေးရွာပေါင်း ၈၀ ရွာမှ အိမ်ခြေ ၅၅၀၀ နီးပါးက လူဦးရေ ၂၈၁၀၀ ဦးကျော် ရေဘေးသင့်ခဲ့ရသည်ဟု KNU ဗဟိုက ထုတ်ပြန်ထားသည်။

ရေကြီးနစ်မြုပ်မှုကြောင့် ဒေသတွင်းက စပါးစိုက်ပျိုးမြေဧက ၃၀၀၀၀ ကျော်လည်း ရေနစ်မြုပ် ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

ရေကြီးနစ်မြုပ်မှုကြောင့် လယ်ဒိုမြို့နယ်အတွင်းက စာသင်ကျောင်းပေါင်း ၃၇ ကျောင်းလည်း ယနေ့ထိ ပိတ်ထားရသည်ဟု KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- လယ်ဒိုမြို့နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပွားနေသည်ကို တွေ့ရစဉ် (ပုံခရက်တစ် – KNU)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts