Homeသတင်းAA ဒု-စစ်ဦးစီးချုပ်၏ သူပုန်ဖြူကဗျာစာအုပ် လေလံပြိုင်ပွဲ ဒေါ်လာ လေးသောင်းထိ ရရှိ

AA ဒု-စစ်ဦးစီးချုပ်၏ သူပုန်ဖြူကဗျာစာအုပ် လေလံပြိုင်ပွဲ ဒေါ်လာ လေးသောင်းထိ ရရှိ

-

အာရက္ခတပ်တော် (AA) ၏ ဒု-စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ရေးသားသည့် “သူပုန်ဖြူ ကဗျာများ စုစည်းမှု” စာအုပ် လေလံပြိုင်ပွဲတွင် အမေရိကန်ဒေါ်လာ လေးသောင်းအထိ ရရှိခဲ့သည်ဟု သိရသည်။

ယနေ့ ဩဂုတ် ၄ ရက်နေ့တွင် ပြုလုပ်သည့် အွန်လိုင်းလေလံဆွဲပွဲမှာ AA ၏ ဒု-စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ကိုယ်တိုင်လေလံဆွဲပြိုင်ပွဲ ပြုလုပ်ပြီး 01109 စာအုပ်ပိုင်ရှင်က အမြင့်ဆုံးဈေးပေး၍ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သူပုန်ဖြူစာအုပ်ကို အုပ်ရေ ၁၄၀၀၀ ထုတ်ခဲ့ပြီး ယခုနှစ် မေလ တတိယ အပတ်က စတင်ရောင်းချခဲ့ကာ ကဗျာစာအုပ်ကို ပုံမှန်ဈေးနှုန်း မြန်မာကျပ်ငွေ ၇ သောင်းနှင့်အထက် ပေး၍ ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။

ဒေါက်တာ ညိုထွန်းအောင်က “ဒီနေ့လေလံကို ဒေါ်လာ ၄၀၀၀၀ နဲ့ နောက်ဆုံးအဆင့်ကို ပေးပြီးတော့မှပဲ လေလံပွဲကို ဒီမှာပဲ အဆုံးသတ်လိုက်ပါတယ်။ ဆိုတော့ ကျနော်တို့ရဲ့ လေလံပြိုင်ပွဲကို ဦးဆောင်သွားတာကတော့ ကျနော်တို့ရဲ့ စာအုပ်ပိုင်ရှင် 01109 စာအုပ်ပိုင်ရှင်ကနေပြီးတော့ ၄၀၀၀၀ နဲ့ လေလံကို အောင်သွားပါပြီ” ဟု ပြောသည်။

အဆိုပါ သူပုန်ဖြူစာအုပ် ရောင်းရငွေ၏ ၃၅ ရာခိုင်နှုန်းကို အာဏာသိမ်းပြီးနောက်ပိုင်း ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးတပ်ဖွဲ့များကို ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

သူပုန်ဖြူကဗျာစာအုပ်သည် ရခိုင်၊ မြန်မာနှစ်ဘာသာဖြင့် ရေးသားဖော်ပြထားပြီး စစ်အာဏာရှင်တော်လှန်ရေး ကာလအတွင်း ရခိုင်တော်လှန်ရေး၊ မြန်မာ့နွေဦးတော်လှန်ရေးကာလ ဖြတ်သန်းခဲ့ရသော စစ်ရေး၊ နိုင်ငံရေး၊ တော်လှန်ရေးအကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts