Homeသတင်းအဘော်-ဒူးယားလမ်းပိုင်းတွင် ပြည်သူ့စစ်တစ်ဦး ပစ်သတ်ခံရ

အဘော်-ဒူးယားလမ်းပိုင်းတွင် ပြည်သူ့စစ်တစ်ဦး ပစ်သတ်ခံရ

-

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အဘော်-ဒူးယားကျေးရွာ လမ်းပိုင်းတွင် ပြည်သူ့စစ်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရသည်ဟု သတင်းအရင်းအမြစ်များအရ သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၂ ရက်နေ့ မွန်းလွဲအချိန်ခန့်က ဒူးယားကျေးရွာနေ အသက် ၅၀ ဝန်းကျင်ရှိ (ရပ်ကွက်ခေါ်) ကိုကရင်ဆိုသည့် ပြည်သူ့စစ်တစ်ဦးကို အမည်မသိသေနတ်သမားတို့က လာရောက် ပစ်သတ်လိုက်ခြင်း ဖြစ်သည်။

 ဒူးယားမှ ရေးမြို့သို့သွားရန် ဆိုင်ကယ်ဖြင့် မောင်းနှင်လာသည့် ကိုကရင်ကို အဘော်-ဒူးယားလမ်းပိုင်းအရောက် လယ်ကွင်းတစ်နေရာတွင် သေနတ်သမားတို့က ပစ်ခတ်ခဲ့ပြီး အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့ရသည်ဟု ရေးဒေသခံတစ်ဦးက ပြောသည်။

“သူက အရင်ကတော့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှာ တပ်သားဟောင်းတစ်ယောက်ပဲ။ ဒါပေမဲ့ အခုက ပြည်သူ့စစ်၊ ဒလန်ပေါ့လေ စစ်တပ်ကို သတင်းပေးနေတာ။ သူ့မှာ လက်နက်ရှိလား မရှိလားတော့ မသိဘူး”ဟု ပြောသည်။

 အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်တို့က ကျေးရွာအဝင်လမ်းတို့တွင် စစ်ဆေးမှု ပြုလုပ်ကာ ယဉ်အသွားအလာတို့ကို ခေတ္တပိတ်ပင်ထားသည်ဟု သူကဆက်ပြောသည်။

ပစ်သတ်ခံထားရသည့် ရုပ်အလောင်းကို ဒူးယားရွာ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့က ရေးမြို့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့၏ပြီး ဆေးရုံတွင်စစ်ဆေးမှုပြုလုပ်ပြီးနောက် ဒူးယားကျေးရွာသုဿာန်တွင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

ပစ်ခတ်ရှင်းလင်းမှုလုပ်ဆောင်ခဲ့သူတို့သည် မွန်စကားပြောသည့် လက်နက်ကိုင်ဆောင်သူတို့ဖြစ်ပြီး တော်လှန်ရေးအဖွဲ့တို့ဘက်မှ ဖြစ်နိုင်ကြောင်းလည်း ပစ်ခတ်မှုဖြစ်စဉ်နှင့် ကြုံတွေ့ခဲ့ရသည့် ဒေသခံတို့က ဆိုသည်။

စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းယူခဲ့ပြီးနောက်ပိုင်း ရေးမြို့နယ်တွင် စစ်ကောင်စီဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်/ ကျေးအုပ်ချုပ်ရေးမှုးနှင့် စစ်ကောင်စီနှင့် နီးစပ်သူတို့ မကြာခဏ လုပ်ကြံသတ်ဖြတ်ခံ နေရသည်။

မွန်ပြည်နယ်အတွင်း လုပ်ကြံသတ်ဖြတ်ခံရမှုကြောင့် ပြည်သူအများအပြားသေဆုံးခဲ့ရပြီး မည်သည့်လက်နက်ကိုင်အဖွဲ့မှ ကျူးလွန်ဆောင်ရွက်ခဲ့ခြင်းကိုလည်း ဖော်ထုတ်ခြင်း မလုပ်ဆောင်နိုင်ပေ။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts