Homeသတင်းကော့ကရိတ် ဥကရစ်ထစခန်းသိမ်းတိုက်ပွဲအတွင်း ၆၀ မမအပါ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိ

ကော့ကရိတ် ဥကရစ်ထစခန်းသိမ်းတိုက်ပွဲအတွင်း ၆၀ မမအပါ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိ

-

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ဥကရစ်ထကျေးရွာအနီး ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ၆၀ မမအပါအဝင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်သည်။

စစ်ကောင်စီ ဥကရစ်ထတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်တို့က ဇူလိုင်လ ၁၂ ရက်နေ့က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်းမှ ၆၀ မမ လက်နက်အပါအဝင် လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိသည်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ထားသည်။

စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး လွတ်မြောက်သွားကြသည်ဟုလည်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့ကလည်း ကော့ကရိတ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်က ၂၈ နှစ်ကြာ လက်လွှတ်ခဲ့ရသည့် ထီးကပလယ်တပ်စခန်းကို KNLA၊ KNDO နှင့် PDF ပူးပေါင်းတပ်တို့က ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ စစ်ကောင်စီတပ်စခန်းများကို KNLA၊ KNDO နှင့် PDF ပူးပေါင်းတပ်တို့က တခုပြီးတခု တိုက်ခိုက်သိမ်းပိုက်နေပြီး လက်ရှိတွင် တပ်စခန်း နှစ်ခုသာကျန်ရှိတော့သည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts