spot_img
Wednesday, January 14, 2026
More
    spot_img
    Homeသတင်းထားဝယ်-ထိုင်းနယ်စပ်ရှိ သုခစခန်းကို KNU ပူးပေါင်းအဖွဲ့တို့မှ သိမ်းပိုက်

    ထားဝယ်-ထိုင်းနယ်စပ်ရှိ သုခစခန်းကို KNU ပူးပေါင်းအဖွဲ့တို့မှ သိမ်းပိုက်

    -

    တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထိုင်း- မြန်မာ နယ်စပ်မျဉ်းပေါ်ရှိ စစ်ကောင်စီ၏ သုခစခန်းကို KNU နှင့်တော်လှန်ရေးပူးပေါင်းအဖွဲ့တို့မှ ယမန်နေ့ ဇူလိုင် ၇ ရက်နေ့က သိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်း KNU တာဝန်ရှိသူတို့ထံမှ သိရသည်။

    စစ်ကောင်စီအင်အား ၃၀ နီးပါးခန့်ရှိသည့် အဆိုပါ သုခစခန်းသည် KNU နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့တို့ စတင်ထိုးစစ်ဆင်ချိန်တွင် ပြန်လည်ခုခံခြင်းမရှိဘဲ ထိုင်းနယ်စပ်ဘက်သို့ထွက်ပြေးခဲ့ကြောင်း KNU တပ်မဟာ ၄ တာဝန်ခံပဒိုစောအယ်နားက လွတ်လပ်သောမွန်သတင်းအေဂျင်စီကို ပြောသည်။

    “သုခစခန်းက ၇ ရက်နေ့မှာပဲစတိုက်တယ်၊ တစ်ရက်အတွင်းမှာပဲ စကစစစ်သားကအကုန်လုံး ထိုင်းဘက်ကိုထွက်ပြေးတယ် စကစအင်အား ၃၀ လောက်ရှိ တယ်၊ ထိုင်းဘက်ကို ထွက်ပြေးတာဆိုရင် ၂၈ လား ၂၄ ယောက်လားအတိအကျမသိဘူး ဒီစခန်းကို KNU တပ်ရင်း ၂၇ တပ်၊တပ်ရင်း ၁၀ နဲ့ အခြားအင်အားစုတွေပူးပေါင်းပြီးတော့ စတိုက်တာပေါ့နော်” ဟု၎င်းကပြောသည်။

    သုခစခန်းသည် ထောင်ဖာဖွန်နယ်စပ်နှင့်မျက်နှာချင်းဆိုင်စခန်း ဖြစ်ကြောင်းနှင့် စခန်းသိမ်းတိုက်ပွဲအပြီး ရှင်းလင်းရေးလုပ်ဆောင်နေဆဲဖြစ်သည့်အတွက် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းအရေအတွက်နှင့် သေဆုံးခဲ့သည့် ရန်သူအရေအတွက်တို့ကို အတိအကျမသိရှိရသေးဟု ဆိုသည်။

     ထို့အပြင် KNU မှ ဆက်လက်သိမ်းပိုက်ရန် ကန်ချနဘူရီနယ်စပ်ရှိ နတ်အိမ်တောင် စခန်းတစ်ခုသာကျန်ရှိတော့ကြောင်း ၎င်းကဆက်ပြောသည်။

    ထားဝယ်- ထိုင်း နယ်စပ်ရှိ စစ်ကောင်စီ တပ်စခန်းအများစုကို KNU မှ သိမ်းပိုက်ထားသော်လည်း  ထီးခီးနယ်စပ်စခန်းကဲ့သို့ ကုန်သွယ်ရေးနေရာတို့တွင်လည်း လုပ်ငန်းတစ်စုံတစ်ရာ လည်ပတ်မှု မစတင်နိုင်မသေးကြောင်း ပဒိုစောအယ်နားမှ ဆိုသည်။

    “ဒေသခံတွေကို နေရာပြန်ချပေးတဲ့အစီအစဉ်လောက်ပဲရှိတယ် သူတို့ကို ပြန်လာဖို့အကြောင်းအကြားတယ်၊ အခြားလည်ပတ်တာမျိုးတော့ဘာမှမရှိသေးဘူး” ဟု ၎င်းကပြောသည်။

    ထိုင်း-မြန် နယ်စပ်စခန်းများကို KNU/KNLA စစ်ရေးဦးဆောင်မှုနှင့်အတူ တော်လှန်ရေးပူးပေါင်းတပ်များက မေလ ၉ ရက်နေ့တွင် ထီးခီးစခန်း၊ မေလ ၂၈ ရက်နေ့တွင် ထီးထစခန်း၊ ဇွန်လ ၁၀ ရက်နေ့တွင် ဗောဓိစခန်း၊ ဇွန် ၁၂ ရက်နေ့တွင် ငါးရံ့နီစခန်းနှင့် ယမန်နေ့ ဇူလိုင် ၇ ရက်နေ့တွင် သုခစခန်းတို့ကို အသီးသီးသိမ်းပိုက်နိုင်ခဲ့သည်။

    ၂၀၂၅ ခုနှစ်အတွင်း ထိုင်း-ကရင် နယ်စပ်တစ်လျှောက်ရှိ စစ်ကောင်စီနယ်စပ်စခန်းတို့ကို ၉၀ ရာခိုင်နှုန်း ကျော်အထိ ရှင်းလင်းနိုင်ခဲ့ပြီးဖြစ်၍ သက်ဆိုင်ရာနယ်မြေအလိုက် စစ်ရေးစစ်ရာ မဟာဗျူဟာကျကျ ဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်သဖြင့် KNU အနေဖြင့် တော်လှန်ရေးခရီး နောက်တစ်ဆင့်တက်လှမ်းရန် ကြိုးပမ်းနေဆဲဖြစ်ကြောင်းလည်း KNU တာဝန်ရှိသူတို့ ပြောဆိုလျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts