Homeသတင်းကျုံဒိုးတိုက်ပွဲတွင် မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA မှ ရဲဘော် (၅) ဦး ကျဆုံးဟု ထုတ်ပြန်

ကျုံဒိုးတိုက်ပွဲတွင် မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA မှ ရဲဘော် (၅) ဦး ကျဆုံးဟု ထုတ်ပြန်

-

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင် တိုက်ဖျက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးအတွက် မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA မှ ရဲဘော် (၅) ဦး ကျဆုံးခဲ့သည်ဟု ယနေ့ (မေလ ၃ ရက်) ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၅၊ ၁၆၊ ၃၀ ရက်နေ့များအတွင်း စစ်ကောင်စီတပ်နှင့် KNLA၊ မဟာမိတ်ပူးပေါင်းတပ်တို့အကြား ဖြစ်ပွားသည့် ကျုံဒိုးမြို့အနီး ငါးတိုင်၊ ကိုးတိုင် ထိတွေ့တိုက်ပွဲများတွင် MLA မှ တပ်ခွဲမှုးအဆင့်အပါအဝင် ရဲဘော် (၅) ဦး ကျဆုံးခဲ့ခြင်းဖြစ်သည်။

ကျဆုံးရဲဘော်များတွင် တပ်ခွဲမှုး ကိုထွန်းထွန်းဝင်း၊ ရဲဘော် အောင်မျိုးဦး၊ ရဲဘော် ငြိမ်းသန့်၊ ရဲဘော်မျိုးဝင်းအောင်နှင့် ရဲဘော် သူရအောင်တို့ပါဝင်ပြီး ကျဆုံးစစ်သည်တို့၏ စျာပနအခမ်းအနားကို ရှေ့တန်းစစ်မြေပြင်တစ်နေရာ၌ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ကော့ကရိတ်-ကျုံဒိုးမြို့ကို ၂၀၂၅ ခုနှစ်၊ ဧပြီလဆန်ပိုင်းကစပြီး စစ်ကောင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts