spot_img
Tuesday, December 16, 2025
More
    spot_img
    Homeသတင်းငလျင်ဒဏ်သင့်ပြည်သူများ ကျန်းမာရေးနှင့် နေထိုင်ရေးအခက်ခဲများ ပိုမိုရင်ဆိုင်နေရ

    ငလျင်ဒဏ်သင့်ပြည်သူများ ကျန်းမာရေးနှင့် နေထိုင်ရေးအခက်ခဲများ ပိုမိုရင်ဆိုင်နေရ

    -

    မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့သည့် တစ်လကျော်ပြီးကာလတွင် ငလျင်ဘေးသင့်ပြည်သူတို့ ကျန်းမာရေးနှင့် နေထိုင်ရေး အခက်အခဲများ ပိုမိုရင်ဆိုင်လာရသည်ဟု မန္တလေး ငလျင်ဘေးကူညီကယ်ဆယ်ရေး ယာယီစခန်းတို့တွင် ကျန်းမာရေးဝန်ဆောင်မှုပေးနေသူတို့၏ ပြောဆိုချက်အရ သိရသည်။

    ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့်အင်အားပြင်းငလျင်ကြောင့် နေပြည်တော်၊မန္တလေး၊ စစ်ကိုင်း၊ ပဲခူးနှင့်ရှမ်းပြည်နယ်တောင်ပိုင်းဒေသအချို့တို့တွင် လူသေဆုံးမှု၊ နေအိမ် အဆောက်အအုံပျက်စီးမှုအပြင် လမ်းတံတားပျက်စီးမှုများဖြစ်ပွားခဲ့သည်။

    လတ်တလော ငလျင်ထပ်မံလှုပ်ခတ်မှုဖြစ်ပွားနေသည့်အခြေအနေကြောင့် တိုက်ခန်းအထပ်မြင့်တို့တွင် ပြောင်းရွှေ့နေထိုင်ခြင်းမရှိသေးဘဲ ရွက်ဖျင်တဲထိုးကာနေထိုင်ရသည့်အတွက် ရာသီဥတုပူပြင်းသည့်ဒဏ်ကို ရက်ရှည်ကြား ဆိုးဆိုးဝါးဝါးကြုံတွေ့နေရကြောင်း ဧရာမေတ္တာ camp မှ စေတနာ့ဝန်ထမ်းတစ်ဦးက လွတ်လပ်သောမွန်သတင်းအေဂျင်စီကို ပြောသည်။

    “ဒီချမ်းမြသာစည်ကတော့ တော်တော့်ကိုအထိနာတာပါ တစ်လတော့ပြည့်ပြီး တစ်ယောက်မှ တိုက်ခန်း ထဲမှာမပေးနေခိုင်းသေးဘူး၊ လမ်းဘေး နှစ်ဖက်စလုံး မှာ ယာယီရွက်ဖျင်တဲအနေနဲ့နေနေတယ်၊ ဒီအတိုင်းပဲ ဆက်နေသွားဖြစ်ဖို့များတယ်။ အပူဒဏ်ကို ဆိုးဆိုးဝါးဝါး ခံစားနေရတယ်၊ ညဘက်တွေဆို မြေကြီးအငွေ့ကနေ အပူတွေထွက်လာတော့ အရေးပြားတွေ အဖုပိတ် တွေထွက်လာတယ်” ဟု ၎င်းက ပြောသည်။

    မန္တလေးတိုင်းဒေသကြီးမှ ငလျင်ဒဏ်သင့် အိမ်ထောင်စု ၃၀၀၀ နီးပါးခန့်ရွက်ဖျင်တဲထိုးကာ ကားလမ်းဘေးနှစ်ဖက်တွင် ယနေ့ အထိနေထိုင်နေရဆဲ ဖြစ်သည်။

    ပူပြင်းသည့်ရာသီဥတုကြောင့် သက်ကြီးပိုင်းနှင့်ကလေးသူငယ်များရာသီတုပ်ကွေး၊ ရေကျောက်နှင့် အခြားကူးစက်ရောဂါတို့အပြင် စိတ်ပိုင်းဆိုင်ရာပြဿနာများစွာနှင့် ရင်ဆိုင်နေရသဖြင့် ကုသရေးအပိုင်းတွင်းလည်း အခက်ခဲရှိနေကြောင်း ဆက်ပြောသည်။

    “ကျန်းမာရေး အခြေအနေကတော့မျိုးစုံခံစား နေရတာပဲ၊ အဓိကက သက်ကြီးပိုင်း အရွယ်ဆိုရင် သူတို့အိမ်သာဝင်ရမှာကအစကြောက်တာတွေဖြစ်တယ်၊ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေတော့ဘူးသူတို့ စိတ်မကောင်း စေမဲ့အရာဆိုလည်း သတိထားပြီး မေးမြန်းပြီးကုသမှုလုပ်နေရတယ်” ဟု ဆိုသည်။

    အင်အားပြင်းငလျင်ကြောင့်ဧပြီလ ၂၅ ရက်နေ့အထိ နိုင်ငံတစ်ဝှမ်းတွင် သေဆုံးသူ ၃,၇၆၃ ဦး၊ ဒဏ်ရာ ရရှိသူ ၅,၁၀၇ ဦးနှင့် ပျောက်ဆုံးသူ ၁၁၀ ဦးရှိကြောင်းသိရသည်။

    လက်ရှိ ငလျင်ပြန်လည်ထူထောင်ရေး ဦးတည်လုပ်ဆောင်နေသည့် စစ်ကောင်စီအဖွဲ့တို့သည် နေရာထိုင်ခင်း၊ စားနပ်ရိက္ခာနှင့် ပျက်စီးသွားသည့်လမ်းအချို့ ပြန်လည်ပြုပြင်သည့် အဆင့်လောက်သာလုပ်ဆောင်နိုင်သေးသဖြင့် ပြန်လည်ထူထောင်ရေး ၃၀ ရာခိုင်နှုန်းခန့်သာလုပ်ဆောင်နိုင်ခဲ့သည်။

    ထို့အပြင် ငလျင်ဘေးသင့်ဒေသများတွင် မိုးတွင်းကာလမတိုင်မီ ပြန်လည်ထူထောင်ရေးကောင်းမွန်စွာ မလုပ်ဆောင်နိုင်ပါက နေအိမ်အဆောက်အအုံပြိုကျသည့်ပြဿနာနှင့်ထပ်မံရင်ဆိုင်ရနိုင်ကြောင်း လေ့လာ စောင့်ကြည့်သူများကပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts