spot_img
Thursday, May 1, 2025
More
    spot_img
    Homeသတင်းရာဘာလုပ်သား ခက်ခဲနေချိန်တွင် ရာဘာအငှားခြစ်သူတို့ လုပ်အားခရရှိမှုနည်းပါး

    ရာဘာလုပ်သား ခက်ခဲနေချိန်တွင် ရာဘာအငှားခြစ်သူတို့ လုပ်အားခရရှိမှုနည်းပါး

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ရာဘာလုပ်သားခက်ခဲနေချိန် ရာဘာအငှားခြစ်သူတို့ လုပ်အားခ ရရှိမှုနည်းပါးနေသဖြင့် စားဝတ်နေရေးအခက်အခဲနှင့် ရင်ဆိုင် ကြုံတွေ့နေရသည်ဟု ရော်ဘာခြစ်သူများထံမှ သိရသည်။

    ရေးမြို့နယ်မှ ရာဘာလုပ်ငန်းရှင်အများစုတို့သည် အလုပ်သမားခကို ခုနှစ်ပုံ သုံးပုံခွဲတမ်းစနစ်ဖြင့်သာ အသုံးပြုနေဆဲဖြစ်ပြီး ရာဘာလုပ်ငန်းရှင်တို့နှင့် ညှိနှိုင်းမှု အဆင်မပြေကြောင်း ခြံလုပ်သားတစ်ဦးက ပြောသည်။

    ” အပင်တစ်ထောင်ခြံတစ်ခြံကို တစ်လလောက်ခြစ်မှ ပိုက်ဆံ ၇ သိန်းရတယ်၊ ဒီကုန်ဈေးနှုန်းနဲ့ဆို မကိုက်နေပါဘူး၊ ကျွန်မတို့လဲ ခြံပိုင်ရှင်ကို တောင်းတယ် ၆ ပုံ ၄ ပုံလောက်လုပ်ပေးဖို့၊ ဒါပေမယ့် သူမ‌လုပ်ပေးဘူး “ ဟု ပြောသည်။

    ကုန်ဈေးနှုန်းကြီးမြင့်နေခြင်း၊ ရာဘာရာသီ အစောပိုင်းကာလတို့တွင် သွားလာခွင့်လုံခြုံရေးမရှိခဲ့သဖြင့် လက်ရှိအချိန်အထိ ရော်ဘာလုပ်ငန်းလုပ်ကိုင်နေဆဲဖြစ်ရာ ရာဘာအငှားခြစ်သူအနည်းစုတို့ကသာ တစ်ဝက်စီခွဲတမ်းစနစ်ဖြင့်ရရှိနေကြောင်းဆိုသည်။

    မွန်ပြည်နယ်မှ ရာဘာလုပ်ငန်းလုပ်ကိုင်သူတို့သည် အထွက်နှုန်းပေါ်မူတည်ပြီး ခြံပိုင်ရှင်နှင် အလုပ်သမားတို့ကြား တစ်ဝက်စီခွဲဝေယူခြင်း၊ ခြောက်ပုံ လေးပုံ၊ ခုနှစ်ပုံ သုံးပုံနည်းဖြင့် ခွဲဝေလုပ်ကိုင်နေကြသည်။

    သင်္ကြန်ကာလနီးကပ်လာချိန်တွင် ရော်ဘာဈေးနှုန်းများ ဆက်တိုက်ကျဆင်းလျှက်ရှိနေကြောင်း၊ ပြီးခဲ့သည့် မတ်လအတွင်း ရာဘာတစ်ပေါင် ၂၇၀၀ ကျော် ဝန်းကျင်ရှိရာမှ ၂၅၀၀ ကျပ်အထိ ဈေးနှုန်းများထိုးကျလာပြီး တစ်ဖက်တွင် ရော်ဘာဝယ်သူများကလည်း ဈေးနှိမ်ပြီး ဝယ်ယူနေကြသည်။

    “ရော်‌‌ဘာကလဲအထွက်နည်းနေတယ် ဈေးနှိမ်ပြီး ဝယ်ကြတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီအချိန်က သကြန်နှင့်နီးလာပြီးလေ ကိုယ်ကလဲ ပိုက်ဆံလိုတဲ့အချိန်ပဲ မဖြစ်မနေရောင်းရမယ်ဆိုတာ သူတို့က သိနေတယ်လေ ပိုက်ဆံလိုတော့လဲ ကိုယ်ကမရောင်းချင်လဲ ရောင်းရတာပေါ့ “ဟု ရာဘာအငှားခြစ်သူ အမျိူးသမီးတစ်ဦးက ပြောသည်။

    ထို့သို့ လုပ်အားခ တိုးမြှင့်ပေးခြင်းမရှိသည့်အတွက် ရာဘာလုပ်သားတို့ ထိုင်းနိုင်ငံသို့ ပြောင်းရွေ့လုပ်ကိုင်နေကြပြီး အလုပ်သမားရှားပါးမှုကြောင့် ယခုနှစ် မွန်ပြည်နယ်မှ ရာဘာဧက ၂ သိန်းခန့် လုပ်ငန်းမလည်ပတ်နိုင်ကြောင်း သိရသည်။

    ရော်ဘာစိုက်ဧက အများအပြားရှိနေသော်လည်း အခုနောက်ပိုင်းမှာ မြေအသုံးချပုံစံကို ပြောင်းလဲကာ အိမ်အကွက်များ ဖော်လာမှုရှိသလို၊ ရော်ဘာပင်များကို ခုတ်လှဲပြီး သစ်ပါးလွှာထုတ်လာခြင်း၊ တစ်ချို့သည် ရော်ဘာပင်များကို ခုတ်လှဲကာ ဖြတ်ပိုင်းရောင်းချမှု လုပ်ဆောင်လာကြသည်။

    ထို့အပြင် ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် စစ်တပ်မှ ယနေ့အထိတပ်စွဲသည့် ကျုံလောင်းနှင့် အိုင်ပုတ်ရွာဘက်တွင် ခြံသွားမည့် အချိန်ကန့်သတ်ထားပြီး မနက် ၄ နာရီအချိန်မှသာသွားလာခွင့်ပြု ထားသည်ဟု ခြံလုပ်ငန်းလုပ်ကိုင်သူတို့က ပြောသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    34,300SubscribersSubscribe
    spot_img

    Latest posts