Homeသတင်းမြန်မာတွင် နောက်ဆက်တွဲငလျင် အကြိမ် ၁၀၀ ထက်မနည်း လှုပ်ခတ်

မြန်မာတွင် နောက်ဆက်တွဲငလျင် အကြိမ် ၁၀၀ ထက်မနည်း လှုပ်ခတ်

-

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့ နေ့လည်က လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ မြေငလျင်အပါအဝင် ယနေ့ ဧပြီလ ၉ ရက်နေ့အထိ နောက်ဆက်တွဲငလျင် ၁၀၉ ကြိမ်အထိ လှုတ်ခတ်ခဲ့သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

နောက်ဆက်တွဲ ငလျင်တို့တွင် ပြင်းအား ၇ မှ ၇.၇အဆင့်ရှိ လှုပ်ခတ်မှု ၂ ကြိမ်၊ ပြင်းအား ၅ မှ ၅.၉အထိ ၅ ကြိမ်၊ ပြင်းအား ၄ မှ ၄.၉အထိ ၁၇ ကြိမ်၊ ပြင်းအား ၃ မှ ၃.၉အထိ ၇၅ ကြိမ်၊ ပြင်းအား ၂.၈ က တစ်ကြိမ် လှုပ်ခတ်ခဲ့သည်ဟု ဖော်ပြထားသည်။

အဓိကအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နေပြည်တော်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

မန္တလေးမြို့အပါအဝင် ငလျင်ဒဏ်သင့်သည့် မြို့တို့တွင် နေ့စဉ်နောက်ဆက်တွဲငလျင်လှုပ်ခတ်မှု ဖြစ်ပွားနေသဖြင့် ဒေသခံတို့ နေ့ညမပြတ် စိုးရိမ်ကြောက်လန့်နေကြသည်ဟု မြေပြင်တွင်ရောက်ရှိနေသည့် ကယ်ဆယ်ရေး အဖွဲ့တို့ထံမှ သတင်းအရင်းအမြစ်များ သိရသည်။

“အခြေအနေတွေက အရမ်းကြီးမဆိုးပေမယ့် တစ်ချက်တစ်ချက်ပြန်လှုပ်နေတော့ ကြောက်ရတယ်။ ပြီးတော့ လှုပ်တဲ့ချိန်က လူခြေတိတ်ချိန်ဖြစ်နေတာ့ ပိုပြီးခြောက်ခြားစရာဖြစ်တယ်။ တုန်တုန်နေတော့ အိပ်နေတာတောင် လန့်လန့်နိုးတယ်။ အိမ်ရှိတဲ့သူတွေလည်း အိမ်ထဲမှာတောင်မနေရဲကြဘူး။ အပြင်ထွက်အိပ်နေကြရတယ်”ဟု ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က အင်အားပြင်းငလျင်ကြောင့် ဧပြီလ ၉ ရက်နေ့အထိ နိုင်ငံတစ်ဝန်း သေဆုံးသူ ၃၆၀၀ ကျော်ရှိပြီး ဒဏ်ရာရသူ ၅၀၁၂ ဦးနှင့် ပျောက်ဆုံးသူ ၂၁၀ ဦးတို့အထိရှိကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

၎င်းအပြင် အပျက်အစီးတွေအကြား ပိတ်မိနေသူ ၆၅၃ ဦးကိုလည်း အသက်ရှင်လျက် ရှာဖွေကယ်ဆယ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြင်းအား ၇ ဒသမ ၇ ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်နှင့် ပဲခူးမြို့နယ်မှ နေအိမ် စုစုပေါင်း ၂၈၄၄၇ လုံး ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူ ၃ သန်း ၃ သိန်းနီးပါး ငလျင်ဒဏ်ခံခဲ့ရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြီးခဲ့သည့်ဧပြီလ ၆ ရက်နေ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts