Homeသတင်းကမမောင်းတွင် စစ်တပ် လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေး ၂ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

ကမမောင်းတွင် စစ်တပ် လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေး ၂ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

-

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ၊ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ကမမောင်းမြို့နယ်အတွင်း စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ် ၂ ဦးသေဆုံးကာ၊ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

ဧပြီလ ၂ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က ကမမောင်းမြို့နယ်အတွင်းရှိ လေးဖိုထာကျေးနယ်အုပ်စု၊ နေကာကျေးရွာအတွင်း စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးသီးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု အဆိုပါဒေသတွင် လှုပ်ရှားနေသည့် တော်လှန်ရေးသတင်းအရင်းအမြစ်တို့က ပြောသည်။

“မနေ့က ညနေ ၄ နာရီလောက် သူတို့(စစ်ကောင်စီ) လာကြဲလိုက်တယ်။ ဗုံးသီးနှစ်လုံးနဲ့ လေယာဉ်ကနေ ကြဲလာတာ။ ကလေးတွေရော ထိသွားတယ်” ဟု အထက်ပါ တော်လှန်ရေး သတင်းအရင်းအမြစ်က ပြောသည်။

လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေကာကျေးရွာမှ အသက် ၃ လသား ကလေးငယ်တစ်ဦးနှင့် အသက် ၁၂ အရွယ် ကလေးတစ်ဦး သေဆုံးပြီး၊ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့ကလည်း ကမမောင်းမြို့နယ်အတွင်းရှိ ကျောက်ကွင်းကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးသီးများ လာရောက်ကြဲချခဲ့သည့်အတွက် ဆရာတော်တစ်ပါး ပျံလွန်တော်မူပြီး ရဟန်းတစ်ပါးနှင့် ကိုရင်လေးတစ်ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

စစ်ကောင်စီက တိုက်ပွားခြင်း မရှိဘဲ အရပ်သား ပြည်သူများ နေထိုင်ရာ ကျေးရွာများ၊ ဘာသာရေးအဆောက်ဦများနှင့် စာသင်ကျောင်းများကို ပစ်မှတ်ထားပြီး လက်နက်ကြီးအပြင် လေယာဉ်ဖြင့်ပါ တိုက်ခိုက်နေသည့်အတွက် သတိပြုနေထိုင်ကြပါရန် တော်လှန်ရေးအဖွဲ့တို့က တိုက်တွန်းထားခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts