Homeသတင်းမွန်အမျိုးသားညီလာခံ စတင်ကျင်းပ (သတင်းဓာတ်ပုံ)

မွန်အမျိုးသားညီလာခံ စတင်ကျင်းပ (သတင်းဓာတ်ပုံ)

-

မွန်အမျိုးသားညီလာခံ (၂၀၂၅ ခုနှစ်) ကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ စျေးကြိုရပ်ကွက်ရှိ ရာမညနိကာယ ဓာတုမာလာ မွန်ပရိယတ္တိကျောင်းတိုက်တွင်ဧပြီလ ၂ ရက်နေ့ကစပြီး စတင်ကျင်းပနေသည်။

မွန်ပြည်သစ်ပါတီ ဦးဆောင်ကျင်းပသည့် မွန်အမျိုးသားညီလာခံ (၂၀၂၅ ခုနှစ်) ကို မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်များ၊ မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ သံဃာတော်များ၊ ဖိတ်ကြားထားသူများ၊ လေ့လာသူများ စုစုပေါင်း ၂၀၀ ကျော် တက်ရောက်သည်ဟု သိရသည်။

စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေသည့် မွန်တော်လှန်ရေးအဖွဲ့အစည်းများ ပါဝင်တက်ရောက်ခွင့်မရှိသည့် မွန်အမျိုးသားညီလာခံကို မကျင်းပဖို့ မွန်တော်လှန်ရေးအဖွဲ့အစည်းများက ကန့်ကွက်နေသော်လည်း ညီလာခံကို ဆက်လက်ကျင်းပနေခြင်းဖြစ်သည်။

၎င်းပြင် လတ်တလော မြန်မာနိုင်ငံ ဒေသအချို့တွင် ငလျင်ဒဏ် စိုးရွားစွာခံစားနေရချိန်တွင် မွန်အမျိုးသားညီလာခံကျင်းပခြင်းသည် မဖြစ်သင့်ဘူးဆိုပြီး ဝေဖန်ပြောဆိုမှုများလည်း ရှိနေသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts