spot_img
Saturday, January 24, 2026
More
    spot_img
    Homeသတင်းဘီးလင်းတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၅ ဦး ဒဏ်ရာရပြီး၊ နေအိမ် ၉ လုံး ပျက်စီး

    ဘီးလင်းတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၅ ဦး ဒဏ်ရာရပြီး၊ နေအိမ် ၉ လုံး ပျက်စီး

    -

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကော်ဟဲကျေးရွာနှင့် ကျေးရွာအနီးဝန်းကျင်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၅ ဦး ထိခိုဏ်ရာရရှိပြီး နေအိမ် ၉ လုံး ပျက်စီးသွားကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

    ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့ ည ၁၁ နာရီခွဲအချိန်ခန့်က ကော်ဟဲကျေးရွာနှင့် ကျေးရွာအနီးဝန်းကျင်ကို စစ်ကောင်စီ ‌ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

    ကော်ဟဲကျေးရွာထဲ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ကျေးရွာနေ ဒေသခံပြည်သူ ၅ ဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၉ လုံး ထိခိုက်ပျက်စီးသွားသည့်အပြင် ပြည်သူပိုင် ပစ္စည်းအချို့လည်း ထိခိုက်ပျက်စီးသွားသည်ဟု KNU က ထုတ်ပြန်ထားသည်။

    လေယာဉ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများသည် ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံနေရသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    သထုံခရိုင်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ်ဖြင့် လိုက်လံ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်အရ သိရသည်။

    ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ နေ့လည် ၁၂ နာရီခန့်က တစ်ကြိမ်၊ ညနေ ၄ နာရီဝန်းကျင်ခန့်က တစ်ကြိမ် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကော်ကပ်ရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာစာသင်ကျောင်း အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့သည်။

    ၎င်းပြင် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၂၀ အချိန်ခန့်တွင်လည်း ကျိုက်ထိုမြို့နယ်၊ ပိန္နဲကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် ကျေးရွာဝန်းကျင်ကို စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဥ်တစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

    စစ်ကောင်စီ ဂျက်ဖိုက်တာလေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး၊ ၁၀ ဦးကျော် ထိမှန်ဒဏ်ရာရရှိခဲ့သည့်အပြင် ပိန္နဲကုန်းကျေးရွာ ဘုန်းကြီးကျောင်းလည်း ထိခိုက်ပျက်စီးသွားကြောင်း KNU က ထုတ်ပြန်ထားသည်။

    ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့အတွင်းပင် ဘီးလင်းမြို့နယ်၊ တဂေးလောင်းချောင်းဖျားကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးများ ကြဲချတိုက်ခိုက်မှု ပြုလုပ်ခဲ့သေးကြောင်းလည်း ဆိုသည်။

    စစ်ကောင်စီက ကျေးရွာစာသင်ကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ စေတီပုထိုးများနှင့် ပြည်သူပိုင် နေအိမ်များကို ပစ်မှတ်ထားကာ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်းလည်း KNU က ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts